ဒီအဖြစ်အပျက်လေးကတော့ အိန္ဒိယနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ယခင်အစောပိုင်းက အိန္ဒိယနိုင်ငံမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံရလို့ ကိုယ်ဝန်ရှိပြီး ကလေးမွေးဖွားခဲ့တဲ့ ၁၀ နှစ်သမီးရဲ့အမှုပေါ်ပေါက်ခဲ့ရပါတယ်။ယင်းဖြစ်စဉ်နှင့်ပက်သတ်ပြီးနောက်ဆက်တွဲအနေနဲ့ ဒုတိယမြောက်ဦးလေးဖြစ်သူကို အဓမ္မပြုကျင့်မှုနဲ့ယခုလို ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

အခုထပ်မံဖမ်းဆီးခံရသူဟာ ၁၀ နှစ်သမီးကို အဓမ္မပြုကျင့်မှုနဲ့ အစောပိုင်းက ဖမ်းဆီးထားတဲ့ ဦးလေးဖြစ်သူရဲ့ ညီဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။မှုခင်းဆေးစစ်မှုက ကလေးရဲ့ ဒီအန်အေနဲ့ ပထမဦးဆုံး ဖမ်းဆီးခံထားရတဲ့ ဦးလေးဖြစ်သူရဲ့ ဒီအန်အေ မကိုက်ညီတာကို ဖော်ထုတ်သိရှိပြီးနောက် ဒုတိယသံသယရှိသူကို ရဲတွေက စတင်ရှာဖွေခဲ့တာလို့ ဆိုပါတယ်။ပထမသံသယရှိသူ ဦးလေးကိုလည်း အချုပ်ခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ကလေးပြုစုစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပြီး အမှုကနေ လွှတ်မပေးသေးဘဲ ကလေးသူငယ်တွေကို မတရားပြုကျင့်တဲ့အမှုတွေနဲ့ အထူးတရားရုံးမှာ တရားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ၁၀ နှစ်သမီးလေးက ရဲတွေ၊ နှစ်သိမ့်ဆွေးနွေးသူတွေနဲ့ စကားပြောပြီး ဒုတိယဦးလေးရဲ့အမည်ကို ဖော်ထုတ်လိုက်တဲ့အတွက် စက်တင်ဘာ ၁၉ ရက် ညနေမှာ ဒုတိယဦးလေးဖြစ်သူကို ဖမ်းဆီးခဲ့တာပါ။၁၀ နှစ်သမီး ကလေးမလေးဟာ ဇူလိုင်လလယ်မှာ သူမ ဗိုက်အောင့်ကြောင်း မိဘတွေကို ပြောရာမှ မိဘတွေက ကလေးကို ဆေးရုံခေါ်သွားချိန်မှာ ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရတာပါ။ကလေးမရဲ့ကိုယ်ဝန်က ဖျက်ချဖို့ အရမ်းအန္တရာယ်များလို့ ချန်ဒီဂါမြို့ တရားရုံးနဲ့ နောက်ပိုင်းမှာ အထက်တရားရုံးကပါ ကိုယ်ဝန်ဖျက်ချခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ကလေးမက ကိုယ်ဝန်ရှိတာကိုတောင် မသိဘဲ သူမ ဗိုက်ဖောင်းနေတာက သူမအစာအိမ်ထဲမှာ ကျောက်တုံးရှိနေတာလို့ အထင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လက မွေးဖွားတဲ့ကလေးကိုလည်း ကလေးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်တွေ မွေးစားဖို့ လွှဲပြောင်းပေးခဲ့ပါတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။