အောင်သူယူပေးခဲ့တဲ့အနိုင်

ပြီးခဲ့တဲ့အမှတ်ပေးဖလားပွဲမှာဆောက်သမ်းကိုအဝေးကွင်းမှာ

ရှုံးခဲ့လို့လက်ရှိချန်ပီယံရတနာပုံတို့ထပ်ဆင့်ချန်ပီယံဖြစ်ရေး

မျှော်လင့်ချက်တို့မှေးမှိန်ခဲ့ရပါတယ်။တိုက်ဆိုင်စွာပဲ

ဒီနှစ်သင်းဟာဗိုလ်ချုပ်အောင်ဆန်းဒိုင်းကွာတားဖိုင်နယ်မှာ

ပြန်တွေ့ကြပါတယ်။ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့

ရတနာပုံဟာဆောက်သမ်းကိုလှလှပပပြန်လက်စားချေ

နိုင်ခဲ့ပြီးရှံုးကြွေးပြန်ဆပ်ခဲ့ပါတော့တယ်။

ရတနာပုံဟာAFC Cupဝင်ဖို့အတွက်ဗိုလ်ချုပ်

အောင်ဆန်းဒိုင်းကိုအရယူဖို့ကြံစည်နေပါပြီ။

အမှတ်ပေးဖလားယူပြီးAFC ချန်ပီယံလိဂ်ဝင်ဖို့

မျှော်လင့်ချက်ကတော့ရေးရေးသာရှိနေပါတယ်။ရတနာပုံ

အသင်းဟာအဓိကကစားသမားတွေဖြစ်တဲ့အောင်သူ၊

ရန်ပိုင်၊ပက်ထရစ်၊မျိုးကိုထွန်း၊သိန်းသန်းဝင်းတို့

ပွဲထွက်လာပြီးပြီခဲ့တဲ့ပွဲက အမှားတွေကိုပြင်ဆင်နိုင်ခဲ့တာကြောင့်ဆောက်သမ်းကိုဂိုးပြတ်အနိုင်ရသွားတာပဲဖြစ်ပါတယ်။

ရတနာပုံအတွက်ဂိုးတွေကိုပထမပိုင်းအစမှာပဲ

အောင်သူပြစ်ဒဏ်ဘောကနေတိုက်ရိုက်ကန်သွင်း

သွားခဲ့ပါတယ်။အောင်သူဂိုးရပြီး

မကြာခင်မှာပဲရတနာပုံဂိုးသွင်းစက်

ပက်ထရစ်က နှစ်ဂိုးထပ်သွင်းပေးခဲ့လို့ပထမပိုင်းမှာသုံးဂိုးဂိုးမရှိ၊

ဒုတိယပိုင်းမှာလည်းအောင်သူကပြစ်ဒဏ်ဘောကနေတဆင့်ထပ်မံသွင်းယူပေးသွားလို့ဆီမီးကိုတက်သွားပြီး

မဟာပြိုင်ဘက်ရန်ကုန်နဲ့ယှဉ်ပြိုင်သွားရမှာပါ။

source-mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။