Cele Cele Small ဆိုရင် လူမှုကွန်ယက်မှာ မသိသူမရှိသလောက်ပါပဲ..။ ဘယ်သူဘယ်ဝါမှန်း မသိသေးတဲ့ Cele Cele Small ဟာ အနုပညာရှင်တွေရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်အချို့နှင့် Personal အချို့တွေကို ဖော်ထုတ်တင်ပြပေးနေသူတစ်ဦး ဖြစ်ပါတယ်။ အခုတစ်ခါမှတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ကို ဘာပြစ်ချက်မှ မရှိလို့ CCS က အရှုံးပေးထားရတယ်လို့ ဆိုပါတယ်။ သူမကတော့ ဝါရင့် သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်ဟာ ဘာပြစ်ချက်မှ မရှိလို့ အရှုံးပေးထားရတယ်လို့ CCS ကိုယ်တိုင် ဝန်ခံပြောဆိုထားတာ တွေ့ရပါတယ်။ CCS ဟာ သူ့ရဲ့ fb page မှာ အခုလို ရေးသားထားပါတယ်။ “တက္ကသိုလ်ကျောင်းသူဘဝက ထမိန်ကျွတ်ကျဖူးတဲ့ ပြစ်ချက်ကလွဲလို့ ခုထိ မည်သည့် အပုပ်မျှမရှိ၍ ဆယ် အရှုံးပေးထားရသော ချစ်သော ခိုင်သင်းကြည်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

နှစ်ပေါင်းစွာ အနုပညာသက်တမ်းမှာ ဘာ ပြစ်ချက် အနာဆာမှ မရှိတာဟာ အနုပညာေလောကမှာ သာမက လူမှုအသိုင်းအဝိုင်းမှာပါ ဂုဏ်ယူစရာ အဖြစ်တစ်ခုဖြစ်ပါတယ်။ Congratulation ပါ မခိုင်လေး.. မခိုင်လေးရဲ့ လတ်တလောအနုပညာလှုပ်မှုတွေကတော့ “အံဝင်ဂွင်ကျ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ဓာတ်ပုံကြေညာများနှင့် အခြားကြေညာများကိုလည်း လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ အောင်စေ ပိုင်စေ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးများလည်း မခိုင်လေးကို အားပေးလိုက်ပါဦးနော်..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။