မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမဲ့ ပြင်သစ်လီဂူလ်းပွဲစဉ်မှာတော့ မောင့်ပယ်လီယာအသင်းဟာ အိမ်ကွင်းမှာ PSG အသင်းကို ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ခြေစွမ်းချင်းကွာဟနေတဲ့ ဒီနှစ်သင်းတွေ့ဆုံမှုမှာတော့ PSG အသင်းက အပြတ်အသတ်သာနေတာဆိုလည်း မမှားပါဘူး။PSG အသင်းရဲ့ တိုက်စစ်ကို မောင့်ပယ်လီယာအသင်း ပွဲချိန်ပြည့် တောင့်ခံထားနိုင်ဖို့ဆိုတာဟာ မလွယ်ကူလှပါဘူး။

မောင့်ပယ်လီယာ အသင်းဟာ လိဂ်ဂူး အဆင့် ၁၂ မှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။မောင့်ပယ်လီယာအသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။PSG အသင်းကတော့ လိဂ်ဂူးမှာ အဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာ ၅ ပွဲလုံးအနိုင်ရရှိထားတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

မောင့်ပယ်လီယာအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ နင်ဂါ၊ လက်စနီ၊ ဆက်ဆီနွန်၊ ရိုဆီလန်၊ ဆန်ဘလာ၊ ရှန်ဟီရီ တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကာဗာနီ၊ အမ်ဘတ်ပီ၊ နေမာ၊ ဒရက်ဇလာ၊ သီယာဂိုမော်တာ၊ ရာဘီယော့ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းအနေနဲ့တော့ ဂိုးပြတ် မပြတ်သာ စောင့်ကြည့်သွားရမှာ ဖြစ်တာကြောင့် PSG အနိုင်သေချာပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။