လောကမှာ ဆရာတုဆရာလိမ်တွေပေါများလှပြပါတယ်။ တစ်ချို့ကတော့ မသိမတတ်တဲ့လူတွေကို လိမ်ကာ လုပ်စားကြပါတယ်။ တစ်ချို့ကလည်း မိမိကိုယ်ကို တန်ခိုးရှင်ဟု သတ်မှတ်ကာ သာယာနေတတ်ကြပါတယ်။ ယခု ဖြစ်ရပ်ကတော့ ယုံကြည်မှုလွန်ကဲခဲ့တဲ့ မှော်ဆရာအကြောင်းပါ။

ယခုဖြစ်ရပ်က အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသွားတဲ့ အမျိုးသား၏နာမည်က စူပရင်တိုပါ။ သူကတော့ မှော်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်သူတစ်ဦးဖြစ်ပါတယ်။ အဆိုပါ ရေကန်မှာ မိကျောင်းကလူကိုကိုက်သတ်တာ ၂ခါရှိပါပြီ။

အရင်က မိကျောင်းကိုက်သတ်ခဲ့တဲ့ လူ၏ အလောင်းကို ရှာဖို့ စူပရင်တိုက ရေထဲဆင်းခဲ့တာပါ။ ရွာကလူတွေက သူ့ကို မိကျောင်းကိုက်မည်ဟု သတိပေးခဲ့ပါတယ်။ သို့သော် စူပရင်တိုက သူ့မှာ မိကျောင်းရန်မှပြီးသည့် တန်ခိုး ရှိသည်ဟုဆိုကာ ရေထဲဆင်းခဲ့တာပါ။ သူကူး၍မကြာခင်မှာပဲ မိကျောင်းကို သူ့ကိုဆွဲကိုက်သွားပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ သူ့အလောင်းကို ပြန်ဆယ်ရမိခဲ့ပါတယ်။

Hein (Mg Lu Aye)

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။