ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် ကွမ်းသီးကို စားသုံးသူများအနေဖြင့် သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကွမ်းသီးများတွင် ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါ၀င်မှု မြင့်မားစွာ ပါ၀င်နေပါတယ်။ ဒီဓာတ်က အရမ်းအန္တရာယ်များပါတယ်။

ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာအငွေ့ရိုက်ပါတယ်။ ထိုသို့ တစ်ညတာပေါင်းပြီးနောက် စျေးကွက်သို့ တင်သွင်း ရောင်းချနိုင်လေ့ ရှိပါတယ်။ ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင် အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားလေ့ ရှိပါတယ်။ 

အဲ့ဒီနောက်မှာ ကွမ်းသီး၏ အလေးချိန်တိုးပြီး ကွမ်းသီးပွလာပါတယ်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် ပိုမို အဆင်ပြေတာကြောင့် ဒီနည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ စားသုံးရန် မသင့်သော ဓာတုဆေးများ ထည့်ထားပြီး ရေဖြင့်ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိနေတတ်ပါတယ်။

ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန်မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာပါတယ်။

အဓိကအနေဖြင့် ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမဲ့ အချက်တွေကတော့ - ၀မ်းသွားမယ်။ အသက်ရှူကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဒ့ါကြောင့် ကျန်းမာရေးအတွက် ကွမ်းသီးနှင့် ကွမ်းယာ စားသုံးခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ကွမ်းစားခြင်းနဲ့ ပတ်သက်ပြီး အခုတလောမှာ လည်း ပညာပေးဟောပြောပွဲတွေ များစွာ ပြုလုပ်ပြီး တားမြစ်နေကြပါတယ်။

ကွမ်းသီးရဲ့ ကြောက်စရာကောင်းလှတဲ့ ဆိုးကျိုးများကို သိရှိပြီး ကွမ်းသီးစားသုံးခြင်းကို ရှောင်နိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။ သာယာသော နေ့ရက်လေးများ ဖြစ်ကြပါစေ ရှင် … ။

သတင်းအရင်းအမြစ် - lyhealth.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။