အိမ်ပြေးလေး Fokker တစ်ယောက်တော့ လာမယ့် သီတင်းကျွတ်မှာ စွံတော့မှာပါ။

SIR အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သလို Wanted အဖွဲ့ဝင် အဆိုတော် Fokker (ထိန်မင်းဇော်) ဟာ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မယ်လို့ သိရပါတယ်။

သူတို့စုံတွဲရဲ့ Prewedding ပုံရိပ်တွေကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီဖြစ်လို့ ပရိသတ်တွေက ဖော်ကာ့အတွက် ၀မ်းသာပိတိဖြစ်နေကြပါတယ်။

ဖော်ကာတို့စုံတွဲဟာ မွန်ပြည်နယ်မှာ Prewedding ကို သွားရောက်ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ 

လူငယ်လူကြီးမရွေးအားပေးကြတဲ့ အဆိုတော် ဖော်ကာ ဟာ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အမိုက်စားသီချင်းတွေကြောင့် ယောကျာ်းလေးပရိသတ်တိုင်းရဲ့ Idol အဖြစ် နာမည်ကြီးနေသူဖြစ်ပါတယ်။

ဖော်ကာဟာ ငါ့ဂီတငါ့ဗီဇ ၊ တို့အတူ ၊ငါ့ကြောင့် ဆိုတဲ့ သီချင်းလေးတွေအပြင် နောက်ဆုံးထွက်ရှိထားတဲ့ သံယောဇဉ်ဖြတ်တဲ့နည်း စတဲ့ သီချင်းများစွာက ရေပန်းစားလျက်ရှိနေဆဲပါပဲ.။

ချစ်သူသက်တမ်းတွေကြာပြီဖြစ်တဲ့ ဖော်ကာတို့စုံတွဲလေးရဲ့ မင်္ဂလာပွဲအကြို အလှဓာတ်ပုံတွေဟာ ချစ်စရာကောင်းလွန်းနေလို့ မြင်သူတိုင်းအားကျနေတဲ့အထိပါပဲ။

ပရိသတ်ကြီး ဖော်ကာ့တို့စုံတွဲလေးအတွက် ဆုတောင်းပေးပါဦး  

Source : WeloveFokker

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။