နှာခေါင်းဝန်းကျင်နဲ့ မေးစေ့နားမှာရှိနေတဲ့ ဆားဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေသူများ ရှိကြမှာပါ။ ဒါ့ကြောင့် အခု ပြောပြမယ့် နည်းလမ်းလေးကို မှန်မှန်သုံးပြီး ဆားဝက်ခြံများ ဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။ ဆားဝက်ခြံတွေကို ဘယ်လိုမျိုး နှိမ်နင်းရမလဲဆိုတဲ့ အကြောင်းလေး မပြောခင် ဘာကြောင့် ဆားဝက်ခြံများ ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းလေး ဦးစွာပထမ ရှင်းပြချင်ပါတယ်။

ဆားဝက်ခြံတွေဟာ မျက်နှာပေါ်မှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ အမဲရောင် (သို့) ၀ါဖန့်ဖန့်အရောင်ရှိသော အစက်အပျောက်လေးများဖြစ်ပါတယ်။ ၀က်ခြံဖြစ်စေဖို့ ပထမဆုံးအဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ဘယ်လိုအသားအရေမှာမျိုးမဆို ဆားဝက်ခြံပေါက်နိုင်ပြီး အဆီပြန်တဲ့အသားအရေမျိုးမှာ ပိုပြီး တွေ့ရများပါတယ်။

ဆားဝက်ခြံတွေ ဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတော့ သနပ်ခါး ၊ မိတ်ကပ်၊ ခရင်မ် အစရှိတဲ့ အလှကုန်ပစ္စည်းများ သုံးပြီးနောက် မျက်နှာကို သေချာ မသစ်လို့ဖြစ်ပါတယ်။ ဆားဝက်ခြံတွေဟာ မျက်နှာရဲ့အပေါ်ယံ အသားအရေပေါ်တွင်သာ ဖြစ်တာမျိုးမဟုတ်ဘဲ အသားအရေ၏ အတွင်းပိုင်းမှာလည်း ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို စင်ကြယ်စွာ သန့်စင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ သို့သော် မျက်နှာကို တစ်နေ့မှာ နှစ်ကြိမ်ထက် ပိုမသစ်သင့်ပါဘူး။ မျက်နှာကို မနက်အိပ်ယာထချိန် နှင့် ညဘက် အိပ်ယာဝင်ခါနီးချိန်မျိုးမှာ မှန်မှန်သစ်ပေးဖို့ လိုပါတယ်။

အခုဆိုရင်တော့ ဒီဆားဝက်ခြံတွေကို ဘယ်လိုနှိမ်ရင်းရမလဲ ဆိုတဲ့နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ ဆားဝက်ခြံကို နှိပ်နှင်းရန် လိုအပ်တဲ့ ပစ္စည်းကတော့.......

- သွားတိုက်ဆေး

- အိမ်သုံးဆား

- မျက်နှာသစ်ဆေး

- Toner - တို့ပဲ ဖြစ်ပါတယ်။

(၁) သုံးနေကျ မျက်နှာသစ်ဆေးဖြင့် မျက်နှာကို သေချာစွာ ဆေးကြောသန့်စင်ပါ။

(၂) သွားတိုက်ဆေး နှင့် အိမ်သုံးဆားအား အနေတော် အချိုးကျရောမွှေပြီး သန့်ရှင်းသောခွက်ထဲ ထည့်ပြီး မွှေပါ။

(၃) မျက်နှာပေါ်ရှိ ဆားဝက်ခြံပေါက်နေသောနေရာများအား သွားတိုက်ဆေးနဲ့ဆားအရောအား အနေတော်လိမ်းပြီး ၁၅မိနစ်ခန့် ထားပါ။ သွားတိုက်ဆေးဓာတ်ကြောင့် ပူရှိန်းရှိန်းဖြစ်နေပါလိမ့်မယ်။ ထိုသို့ဖြစ်ခြင်းကို စိုးရိမ်စရာ မရှိသောလည်း ပျောက်ချင်ဇောနဲ့အရမ်းအထူကြီးမလိမ်းရပါ။

(၄) ထို့နောက် မျက်နှာကို ရေဖြင့် စင်ကြယ်စွာဆေးကြောပါ။ (မျက်နှာသစ်ဆေးသုံးရန်မလိုတော့ပါ။) ဆေးကြောရာတွင် ဆားဝက်ခြံပေါက်နေသောနေရာများအား လက်ဖြင့်ညှင်သာစွာ ပွတ်၍သော်၄င်း ၊ မျက်နှာသစ်အဖတ်လေးများ သုံး၍သော်၄င်း ၊ နူးညံ့သော သွားတိုက်တံသုံး၍သော်၄င်း ညှင်သာစွာ ဆေးကြောပွတ်တိုက်နိုင်ပါသည်။

(၅) နောက်ဆုံးအဆင့်အနေဖြင့် သန့်စင်ထားသော မျက်နှာအရေပြားအား Toner သုတ်လိမ်းပေးပါ။ ချွေးပေါက်လေးများမကျယ်စေရန်ဖြစ်ပါတယ်။

ထိုနည်းလမ်းက လွယ်ကူလွန်းပြီး ထိရောက်တာကြောင့် မည်သူမဆို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အချို့သော ဆားဝက်ခြံများက အရေပြား၏အတွင်းထဲတွင် ရှိနေတတ်တာကြောင့် တစ်ပါတ်တစ်ခါ ပုံမှန်လုပ်ပေးဖို့တော့ လိုပါလိမ့်မယ်။

ဒီနည်းလမ်းလေးကို သိရှိပြီး အားလုံးပဲ လှပချောမွေ့သော မျက်နှာ အသားအေရေလေးများ ပိုင်ဆိုင်နိုင်ကြပါစေ … ။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။