L.Joe ကို Tee Top ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီတစ်ခုဖြစ်တဲ့ TOP Media က စာချုပ်ဖောက်ဖျက်ခဲ့တဲ့အတွက် ထိခိုက်မှုများရှိခဲ့တာကြောင့် L.Joe ကို တရားဏွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ အငြင်းပွားမှုတွေကို နှစ်ဖက်လုံးက ဖြေရှင်းဖို့ ကြိုးစားနေကြတယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း ထိုဆွေးနွေးမှုဟာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ TOP Media က စက်တင်ဘာ(၁၅)ရက်နေ့မှာ အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။

“L.Joe ဟာ စာချုပ်ဖောက်ဖျက်ခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိခဲ့တာကြောင့် L.Joe ကို ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ မကြာသေးခင်က တရားစွဲဆိုခဲ့တာ အမှန်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ကိုရီးယားဖျော်ဖြေရေးစီမံခန့်ခွဲမှုအသင်းက TOP Media နဲ့ အချေအတင် ဖြစ်နေချိန်အတွင်းမှာ အခြားအေဂျင်စီတွေနဲ့ စာချုပ်မချုပ်ဆိုဖို့ကို ပြီးခဲ့တဲ့ ဇူလိုင်(၃၁)ရက်နေ့မှာ L.Joe ကို တားမြစ်ထားခဲ့ပါတယ်။ သို့ပေမယ့် သူရဲ့ L.Joe ဟာ Musical တွေကို Promotion တွေ ဆက်ပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

L.Joe ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ TOP Media နဲ့ စာချုပ်ကို ဖောက်ဖျက်ခဲ့ပြီး “Secretly, Greatly” ၊ “Liar” နဲ့ “S Diary” တို့လိုမျိုး Musicals တွေမှာ လွပ်လွတ်လပ်လပ် အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အခြား Teen TOP အဖွဲ့ဝင်တွေက သူတို့ရဲ့ စာချုပ်တွေကို အသစ်ချုပ်ဆိုခဲ့ပြီး အဖွဲ့တစ်ခုအနေနဲ့ Promotion တွေ ဆက်လုပ်လုပ်ဆောင်ခဲ့ပေမယ့် L.Joe ဟာ သူ့ရဲ့ စာချုပ် သက်တမ်းကျန်ရှီနေတဲ့ အချိန်မှာလည်း Promotion တွေမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။