စက်တင်ဘာ ၂၂ ရက် ညပိုင်း၌ ထုတ်ပြန်ခဲ့သည့်သတင်းများအရ ပန်းဘဲတန်းမြို့နယ်ရှိ ရတနာပစ္စည်း အရောင်းဆိုင်အား လူတစ်ဦးက ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းက ပြောဆိုခြင်းဖြစ်တယ်လို့သိရပါတယ်။သို့သော်လည်းစစ်ဆေးချက်များအရ လူတစ်ဦးက ဝင်ရောက်ပြီး ပစ္စည်းများ လုယက်ခဲ့သည်ဟု ဆိုင်ဝန်ထမ်းက ပြောဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်၌ ဆိုင်ရှိအမျိုးသမီးဝန်ထမ်းမှာ ဆိုင်ဖွင့်နေစဉ် ကျပ်သိန်း ၈၀ တန် စိန်ဆွဲသီး လုယက်ခံရကြောင်း တိုင်ကြားသည်မှာ မမှန်မကန်လုပ်ကြံပြီး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ထိုသို့ မဟုတ်မမှန် တိုင်ကြားခဲ့သည့် ဆိုင်ဝန်ထမ်းမှာ ဒေါ်အဲန်သဲဖြစ်ပြီး ၎င်းမှာ ယင်းဆိုင်၌ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း လည်းသိရပါတယ်။

အခင်းဖြစ်ပွားသည့်အချိန်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ တိုင်ကြားချက်မှာ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ၂၉ လမ်းအနီး ဖွင့်လှစ်ထားသည့် ရတနာပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် ဒေါ်အဲန်သဲသည် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့်က နေအိမ်မှစိန်ထည်ပစ္စည်း ၂၉ မျိုး ထည့်ထားသည့် အမျိုးသမီးကိုင် ဘေးလွယ်အိတ်ကို ယူဆောင်ကာ ၎င်းအလုပ်လုပ်ကိုင်သည့် အဆိုပါဆိုင်အား လာရောက်ခဲ့ကြောင်း သိရပါတယ်။ဖြစ်စဉ်မှ ကျူးလွန်သူအား သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ အခင်းဖြစ်ပွားရာအနီးရှိ စီစီတီဗွီမှတ်တမ်းနှင့် ပတ်ဝန်းကျင် သက်သေများအား စစ်ဆေးရာ အခင်းဖြစ်ပွားသည့်ဆိုင်သို့ ဒေါ်အဲန်သဲတစ်ဦးသာ အဝင်အထွက်ရှိကြောင်း သိရသဖြင့် ဆိုင်ပိုင်ရှင်နှင့် ဒေါ်အဲန်သဲအား ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း လည်းသိရှိရသည်။

သတင်းအရင်းအမြစ်-eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။