သြဂုတ်လ၂၅ရက်နေ့မှစတင်ကာဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် တခြားနိုင်ငံသို့ထွက်ပြေးခဲ့သူ ဒုက္ခသည်ဦးရေမှာလည်း များပြားလျက်ရှိတယ်ဟုသတင်းများကဖော်ပြခဲ့ပါတယ်။ယခုအခါအိန္ဒိယနိုင်ငံမှ အိန္ဒိယနိုင်ငံအရှေ့ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးတိုးမြှင့်ချထားပြီးပြီဟုသိရပါတယ်။အိန္ဒိယထဲခိုးဝင်လာမယ့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြတဲ့ ဒုက္ခသည်များကို တားမြစ်ဖို့ ငြုပ်ရည် မှုတ်ဆေးဘူးတွေ၊ ကြင်စက်ဗုံးတွေ သုံးဖို့ ညွှန်ကြားထားကြောင်း အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

ထွက်ပြေးလာသူဒုက္ခသည်များကို အိန္ဒိယအရှေ့ဘက်ခြမ်း အနောက်ဘန်ဂေါပြည်နယ် နယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ် ဒုအကြီးအကဲ R.P.S. Jaswal က တားဖြစ်ရာမှာ ငြုပ်ရည် မှုတ်ဆေးဘူးတွေ၊ ကြင်စက်ဗုံးတွေသုံးဖို့ သူ့တပ်ကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

ဒုက္ခသည် (၄)သောင်းလောက်ဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီး အိန္ဒိယထဲ ဝင်လာခဲ့ပြီဟုလည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။သူတို့တွေထဲက ဒုက္ခသည်အဖြစ် မလျှောက်ရသေးသူတွေကို တရားမဝင် ခိုးဝင်လာသူတွေအဖြစ် မူရင်းနိုင်ငံ ပြန်ပို့သွားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။

သတင်းအရင်းအမြစ်-VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။