ကိုယ်ဝန် ရလကျော်ရှိပြီဖြစ်တဲ့ သက်မွန်မြင့်ဟာဂသမီးဦးလေး ရတော့မှာ မို့လို့ပျော်ရွှင်နေပါတယ်။

အားချစ်ဆိုပြီး ချစ်နိုးပေးထားတဲ့ သားဦးလေးနှင့် သူမ ချစ်တဲ့ ခင်ပွန်းနှင့် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ သက်မွန်မြင့်ဟာ နောက်ထပ် ကိုယ်ဝန်ကို လွယ်ထားတာ ရလကျော်ရှိပြီလို့ဆိုပါတယ်။ သူမဟာ သူမရဲ့ သားဦးလေးတုန်းက ၅ လကျော်လောက်မှာ နို့ဖြတ်ပြီး ပရဟိတနှင့် အနုပညာ အလုပ်တွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် တူတူရှိမနေနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

သူမရဲ့ ပထမကိုယ်ဝန်ထဲက သမီးလေးလိုချင်နေခဲ့တဲ့ အတွက် ယခုကိုယ်ဝန်မှာ သမီးလေးဆိုတာ သိလိုက်ရတဲ့အတွက်အရမ်းကိုဝမ်းသာခဲ့တယ်လို့ဆိုပါတယ်။ သူမ ပထမသားဦးတုန်းက လစ်လပ်ခဲ့တဲ့ အတွက် ဒီတစ်ခေါက်တော့ ပိုပြီးတိုးလို့ ဂရုစိုက်သွားမယ်လို့ဆိုပါတယ်။ သူမရဲ့ စီးပွားရေးကိစ္စကို မေးကြည့်တဲ့ အခါမှာတော့ သူမ စစဗိုက်ကြီးကတည်းက လုပ်ချင်ခဲ့တယ်လို့ဆိုခဲ့ပြီးယခုမှ ကောင်အထည်ဖော်ခဲ့တယ်လို့ဆိုပါတယ်။

မေမေတွေ လိုအပ်တာတွေ အမြဲရှိအောင်လို့ Sweet Child ဆိုတဲ့ တံဆိပ်နှင့် ရာခိုင်နှုန်းပြည့် ချည်သား အကျႌလေးတွေလဲထုတ်လုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဆိုင်ကိုတော့ ဆရာစံလမ်း SP bakery တစ်ဆိုင်ကျော်လောက်မှာ ဖွင့်လှစ်သွားမယ်လို့ဆိုပါတယ်။သူမကတော့ ယခုလောလောဆယ် အနုပညာလုပ်ငန်းတွေ သိပ်ပြီး မလုပ်ဖြစ်ဘူးလို့ဆိုပါတယ်။ ရုံကြီးကားကတော့ ထပ်ထွက်ဖို့ခုနှစ်ကားလောက်ကျန်သေးတယ်လို့ပြောပါတယ်။

Source: 7days

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။