လက်ရှိအချိန်တွင် လူမှုကွန်ယက်တွင် ဆရာမက ကျောင်းသားကျောင်းသူလေးများကို အောက်ပိုင်းဗလာတီးဖြင့် အပြစ်ပေးသည်ပုံများပြန့်နှက်နေသည်။ Facebook ပေါ်တွင် အသုံးပြုသူတစ်ဦးမှ “ခင်ဗျားတို့ပြောနေတဲ့အပြောင်းအလဲဆိုတာဒီလိုကြီးလားဗျာ ပညာရေးဝန်ထမ်းမိသားစုများသိရှိစေရန် ရေတာရှည်မြို့နယ်ကူးတို့ဆိပ်ကျောင်းမှ ဒုတိယတန်းကျောင်းသူကျောင်းသားများကိုဆရာမဒေါ်သန္တာဆွေမှစာမရလို့တမနက်လုံးခုလိုပုံစံနဲ့အပြစ်ပေးနေပုံကိုမြင်ရတာ ရင်ထဲအတော်မကောင်းဖြစ်မိတယ်” ဆိုပြီး တင်ခဲ့ပါတယ်။

အဆိုပါ Post အောက်တွင် အသုံးပြုသူများမှ ကလေးကိုစာနာကြောင်း၊ ဆရာမ တစ်ယောက်အနေဖြင့် ယခုကဲ့သိူ့ မလုပ်သင့်ကြောင်း မှတ်ချက်များပေးခဲ့သည်။ ယခုအခါ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ စာမရသည့် ဒုတိယတန်း ကျောင်းသား၊ ကျောင်းသူလေး များအား အတန်းရှေ့တွင် ဘောင်း ဘီနှင့် စကတ်များချွတ်စေပြီး နာရီ အတန်ကြာ အပြစ်ပေးခဲ့သော ဆရာမကို စာသင်ကြားမှုရပ်ဆိုင်း ထားပြီး စုံခုံဖွဲ့စစ်ဆေးနေသည်ကိစ္စမှာ ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် စက် တင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စဖြစ်ပြီး နောက်တစ်ရက်၌ ခရိုင်ပညာရေးမှူးဦးဆောင်သည့် စုံခုံအဖွဲ့က ဆရာမ ဒေါ်သန္တာဆွေ ကို စစ်ဆေးနေကြောင်း ရေတာ ရှည်မြို့နယ် ဒုတိယပညာရေးမှူး ဦးသက်တင်က ပြောသည်။‘‘လက်ရှိမှာ စစ်ဆေးဆဲပါ။ ကလေးတွေကလည်း ကျောင်း တက်ရမှာ စိုးရွံ့နေတာရယ်၊ ကျောင်းသားမိဘတွေ ထိပ်တိုက် တွေ့ပြီး မဖြစ်သင့်တာတွေမဖြစ် ရအောင် ဆရာမကို မြို့နယ်ပညာ ရေးမှူးရုံးကို တွဲဖက်ဝန်ထမ်းအ ဖြစ် ပြောင်းရွှေ့ထားပါတယ်’’ဟု ၎င်းက ပြောသည်။ အဆိုပါဆရာမကို စက်တင်ဘာ ၂၃ ရက်ကစတင်ကာ ၎င်းတာဝန်ထမ်းဆောင်ရာ ကျောင်းတွင် ကျောင်းမတက်စေတော့ဘဲ မြို့နယ်ပညာ ရေးမှူးရုံးက လွှဲယူထားပြီး စုံစမ်းစစ်ဆေးမှုများပြီး သည်အထိ မြို့နယ်ပညာရေးမှူး ရုံးသို့သာ လာရောက်ရမည်ဟု ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။အဆိုပါလုပ်ရပ်ကြောင့် ဝန် ထမ်းအဖြစ်မှ ထုတ်ပယ်သည်အ ထိ အရေးယူနိုင်ကြောင်း အခြေခံ ပညာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ်က ပြောသည်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။