သြဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်သည်ပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်း ဖက်သမား ၃၀၀ ခန့်သည် ရဲဘော် ကျားကျေးရွာရှိ အမျိုးသား၊ အမျိုး သမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်းနှင့် ရွာ၏အ နောက်ဘက် မီတာ ၁၀၀၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွား သည်ဟု အသိပေးခဲ့ကြောင်း စက် တင်ဘာ ၂၄ ရက်တွင် အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယခုအခါတွင်အာဆာ(ARSA) အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရပြီး ပျောက်ဆုံးနေသော မောင် တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက် ၂၈ ဦး၏ ရုပ်အလောင်းကို ဟိန္ဒူဘာသာဝင်အချို့၏ ဖော်ထုတ်ချက်အရ မြေ ကျင်းနှစ်ကျင်းအတွင်း မြှုပ်နှံထား သည့်အနေအထားဖြင့် လုံခြုံရေး အဖွဲ့က စက်တင်ဘာ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အစိုးရက ယင်းသတင်းရရှိ ပြီးနောက် စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခမောင်းဆိပ် ကျေးရွာမှ အမျိုးသား၊ အမျိုးသမီးသုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့် ဟိန္ဒူဘာသာရေး ခေါင်းဆောင်အချို့ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းလုံခြုံရေး အဖွဲ့က ရဲဘော်ကျားကျေးရွာအ နီးဝန်းကျင်တွင် သွားရောက်ရှာ ဖွေခဲ့ခြင်းဖြစ်သည်။ ရွာ၏ အ နောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ အပုပ်နံ့ရ၍ အသေး စိတ်ရှာဖွေရာ မြေကျင်းနှစ်ကျင်း ဖြင့် မြှုပ်နှံထားသော အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသားရှစ်ဦး၏ အ လောင်းများ တွေ့ရှိခဲ့ကြောင်း သ တင်းထုတ်ပြန်သည်။ တူးဖော်ရရှိ သည့် ရုပ်အလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပြီး အ သက်(၁၀)နှစ်အောက် အမျိုးသား ခြောက်လောင်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။