ဒီအဖြစ်အပျက်လေးကတော့ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာရေကန် အရှေ့မြောက်ထောင့်အတွင်းမှာ ဖြစ်သွားခဲ့တာပါ။တွေ့ရှိရတဲ့ အလောင်းဟာ ဦးခေါင်းမပါရှိတော့ဘဲ ဘောင်းဘီတထည်နဲ့ ခန္ဓာကိုယ် အင်္ဂါမပြည့်စုံတော့တဲ့ ပျက်စီးရုပ်လောင်း အနေထားအဖြစ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“အလောင်းပျက်စီးနေတော့ ကျား/မ ခွဲခြားဖို့က လတ်တလောခက်ခဲနေတယ်။ အလောင်းက ဘယ်သူဘယ်ဝါလဲ ဘာကြောင့် သေဆုံးရသလဲဆိုတာတော့ ဆက်လက် စစ်ဆေးနေပါတယ်” လို့ မုံရွာမြို့နယ် ဒုရဲမှုး ကျင်စိန်က ပြောပါတယ်။

အဆိုပါနေရာမှာ အပုပ်နံ့များထွက်ရှိနေတဲ့အတွက် ရပ်ကွက်နေပြည်သူများက ရှာဖွေကြရင်း အခုလိုတွေရှိခဲ့တာ ဖြစ်တယ်လို့လဲ သိရပါတယ်။လတ်တလောမှာတော့ ယခုအလောင်းတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး မုံရွာမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနေပါတယ်။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။