ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် (၂)ရပ်ကွက် ယုဇန ၁ - လမ်း မယ်လမုဘုရားအနီးရှိ နေအိမ်တွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ ထိုမီးလောင်မှုကြောင့် နေအိမ်ငါးလုံးဆုံးရှုံးခဲ့သည်ဟု သိရှိရပါတယ်။

အဆိုပါ မီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ထားပြီး မီးလောင်ရာ နေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၅၅ ဦးတို့မှ အုပ်ချုပ်မှုယာဉ် လေးစီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါတယ်။ 

မီးလောင်မှုကြောင့် လူနေအိမ် ငါးလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့် အကြောင်းရင်းကို မီးသတ်ဦးစီးဌာနမှ စစ်ဆေးလျက်ရှိပါတယ်။ မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များက မီးလောင်ရာနေရာအနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးဆောင်ရွက် ပေးခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။

အထက်ပါ မီးလောင်မှုဖြစ်ပွားမှုကို သိရှိပြီးနောက် မိဘပြည်သူများအနေဖြင့် မီး သတိရှိကြရန်နှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများအား မမေ့မလျော့ ပြုလုပ်ထားကြရန် စေတနာရှေ့ထား၍ တိုက်တွန်းချင်ပါတယ်။

ရာသီဥတုအရ မိုးကုန်၍ ဆောင်းတွင်းကာလ ရောက်နေသော်လည်း နေ့ခင်းဘက် အချိန်များတွင် နေပူလွန်းလှပါတယ်။ ထို့ကြောင့် မည်သည့်အချိန်ကိုမျှ သတိလက်လွတ် မပေါ့မဆ ကြရန် သတိပေး နှိုးဆော်ချင်ပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။