ရခိုင်ပြည်နယ် မောင်တောဒေသနှင့်တစ်ဝိုက်တွင် အကြမ်းဖက်များက သောင်းကျန်းဆူပူလျက်ရှိသည်။ ARSA ဟုအမည်ပေးထားသည့် မူဆလင်အစွန်းရောက် အဖွဲ့က သောင်းကျန်းဆူပုလျက်ရှိသည်။ အဆိုပါ အဖွဲ့အနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်လျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ARSA ကသတ်ထားသည့် ဟိန္ဒူဘာသာဝင်အလောင်းများတွေ့ရှိခဲ့သည်။

ယခုအခါတွင်လည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်အနီး ရဲဘော်ကျကျေးရွာ အနီးရှိ တောစပ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ ထပ်မံတွေ့ရှိရကြောင်း အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က အတည်ပြုပြောကြားသည်။ ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက်မှ အလောင်း ၂၈ လောင်းအား မြေကျင်းနှစ်ခုအတွင်း မြှုပ်နှံထားသည်ကို စက်တင်ဘာ ၂၄ ရက်ကလည်း တွေ့ရှိရပြီး စက်တင်ဘာ ၂၅ ရက်တွင် အလောင်းများအား ထပ်မံရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ကျင်းနှစ် ခုထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့ပြီး ၂၅ ရက်တွင် အလောင်း ၁၇ လောင်း ထပ်မံတွေရှိသဖြင့် ဟိန္ဒူဘာသာဝင် စုစုပေါင်းအလောင်း ၄၅ ဦးအထိ တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲဘော်ကျ ကျေးရွာအနီး၌ စက်တင်ဘာ ၂၄ ရက်က တူးဖော်ရရှိသည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများ တွေ့ရှိသည့်နေရာနှင့် ကိုက် ၂၀၀ အကွာတွင် ထပ်မံတွေ့ရှိရသည့် ရုပ်အလောင်း ၁၇ လောင်းအား တူးဖော်နေမှုကို ကြည့်ရှုပြီး ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ဟိန္ဒူဘာသာ ဓလေ့ထုံးစံနှင့်အညီ သင်္ဂြိုဟ်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင်များကိုလည်း ဆက်လက်ရှာဖွေမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Source - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။