Diego အမည်ရ လိပ်အိုကြီးဟာ သူ့ရဲ့မျိုးစိတ် မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် လိပ်မပေါင်းရာကျော်နဲ့ မိတ်လိုက်ခဲ့ရပါတယ်။

Galapagos မှာရှိတဲ့ Espanolaရဲ့ Paradiseကျွန်းမှာ လိပ်မပေါင်းရာကျော်နဲ့ မိတ်လိုက်ခဲ့ရပြီး ထောင်ချီတဲ့ လိပ်ကလေးတွေရဲ့ အဖေဖြစ်ခဲ့ရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ Diegoဟာ လိပ်ထီးတွေထဲမှာ အားကောင်းတဲ့ လိပ်ကြီးတစ်ကောင်ဖြစ်ပြီး သူ့ကြောင့် မျိုးတုံးရမယ့်အန္တရာယ်နဲ့ ဝေးကွာခဲ့ရတယ်လို့ဆိုပါတယ်။

Diegoရဲ့ အသက်ကို ခန့်မှန်းဖို့ခက်နေပြီး ခန့်မှန်းခြေအရ အသက်၉ဝကျော်ပြီလို့ ယူဆရပါတယ်။ မိတ်လိုက်မှုအပြီးမှာ Diegoကို သူ့ရဲ့မွေးရပ်မြေနေရာကို ပြန်လည်ပို့ဆောင်ပေးပြီး ဆုကြေးအနေနဲ့ လိပ်မ၆ကောင်ကိုပါ သူနဲ့အတူ ထည့်ပေးခဲ့ပါတယ်။

Source : Sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။