ဖေ့ဘွတ်တစ်ခွင်မှာ အမျိုးသားတစ်ဦး ဗိုက်ကြီးနေတဲ့ ပုံတွေပြန့်နှံ့လာခဲ့ပါတယ်။ တစ်ချို့သောမိန်းကလေးတွေက သူတို့ ချစ်ချစ်တွေကို mention ခေါ်ပြီး 'ကိုကို့ ချစ်ကိုယ်စား ကိုယ်ဝန်ဆောင်ပေးနော်' တို့ 'ဟားဟား တို့မိန်းမတွေ ကိုယ်ဝန်ဆောင် စရာ မလိုတော့ဘူးကွ' တို့တွေ ပြောကြပါတယ်။

တကယ်တော့ အဲ့ဒီလူရဲ့ နာမည်ဟာ Thomas Beatie ဖြစ်ပြီးသူဟာ အမေရီကန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင် ကမ႓ာပေါ်မှာ ပထမဦးဆုံးကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသား 'The Pregnant Man' လို့လဲ လူသိများပါတယ်။

အဲ့ဒီမှာ ယောက်ျားတစ်ယောက်က ဘာလို့ကိုယ်ဝန်ဆောင်လို့ရတာလဲ လို့ မေးတဲ့ အခါမှာ တော့ သူကလိင်ပြောင်းထားတဲ့သူမို့လို့ ဆောင်လို့ရတာပါလို့ပြန်လည်ဖြေကြားချင်ပါတယ်။ သူကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ သူယူလိုက်တဲ့ မိန်းမဟာ ကိုယ်ဝန်ယူလို့ မရတဲ့ အတွက် သူ့မိန်းမအစား မျိုးဥ အလှူခံပြီးဆောင်ခဲ့တာပါ။

သူဟာဆိုရင် စုစုပေါင်းကလေး သုံးယောက်မွေးဖွားခဲ့ပါတယ်။ ၂၀၁၂ မှာတော့ သူ့မိန်းမနဲ့ ကွာရှင်းခဲ့ပြီး ယခုအချိန်မှာတော့ သူက မိန်းမနောက်တစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။

ဆေးပညာအရ ယခုအချိန်ထိတော့ ယောက်ျားစစ်စစ်တွေက ကိုယ်ဝန်ဆောင်လို့မရသေးပါဘူးရှင့်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။