ဆေးပေါင်းခတဲ့လပြည့်ညမှာ ဆးဖက်ဝင် မဲဇလီပင်ဖူးသုပ်အကြောင်း သိကောင်းစရာ

မဲဇလီဆိုသည်မှာ အဝါရောင်အပွင့်များအချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စ သည်ကို ဟင်းလျာအဖြစ်စား သုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါတယ်။

ထူပါရုံစေတီကျောက်စာပေါ်မှာ ရေးထွင်း ထားသော မှတ်တမ်းစာအရ၊ ရှေးယခင်က မဲဇလီပင်ကို 'မည်ဇရီပင်' ဟုခေါ်ရာ မှ အသံထွက်အလိုက် မယ်ဇရီ ဖြစ်လာပြီး၊ ထို ့နောက် ကာလကြာတဲ့အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍

အဆင့်ဆင့်အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာ ခဲ့ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး တချို့ကတော့ မ ဉ္စူရီပင်ဟု ခေါ်ကြသလို၊ ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟုလည်း ကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပ ဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလ ဟုလည်းကောင်း ခေါ်ဆိုကြပါတယ်။ မဲဇလီဖူး

ဟာ နုတဲ့အချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ ရင့်လာတဲ့အခါ အညိုရောင်ပြောင်းသွား တတ် ပါတယ်။

မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း ချန်ထား၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထက် ကုန်းဘောင်ခေတ် ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူးခူး၍ သုပ်စားကြတဲ့ အစဉ်အလာများ ရှိခဲ့လို ့ပါပဲ။ တန်ဆောင်မုန်း

ဟူသော အရေးအသားကို လေ့လာကြည့်တဲ့ အခါ၊ ပုဂံခေတ် ကျောက်စာများတွင် 'တန်ဆောင်မှုန်' ဟုရေးထိုး၍ တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ 'မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တ ကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း သာခုထင်ရှား' ဟူသော စပ်ဆိုထားခြင်းက

တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင်သိရှိ နိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း=ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့ ဆယ့်နှစ်လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာ ယာဆုံးလတစ်လဟု ဆိုနိုင်ပါတယ်။ မြန်မာ့

သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်း ကြီးသည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်မှစ၍ အိပ်စက်လိုက်ရာ တန်ဆောင် မုန်းလဆန်း ၁၂ ရက်မှ နိုးထသဖြင့် တန်ဆောင်မုန်းလကို 'နတ်နိုးလ' ဟု ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာ ဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ်

ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုး ကင်းစင်နေ တာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာ တစ်စုံထွန်းလင်း

နေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေး များလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။

မဇ္စျိမဒေသမှလာတဲ့သာရ ကောမုဒိဆေး ကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံ လမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင် အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက် ခစားကြသည်ဟုဆိုပါတယ်။ ဒါကြောင့် ထို အချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင် စီရင် ခြင်းဟာ အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင် ပါတယ်တဲ့။

ထိုသို့ စီရင်ရာမှာလည်းလမင်းကြီး တိတိ ကျကျပြည့်ဝန်းနေချိန်တွင် အရှေ့ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာ အခြောက်လှန်းအမှုန့်ပြု၍ နေ့စဉ်စားသုံးပေးသွားရမှာပါ။ ဤသို့ စားသုံးလျှင် ရုပ်ရည်

အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည် စေကြောင်း၊ ဘုန်းကြီး၍ ဉာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။ ဒါ ကြောင့်လည်း တန်ဆောင်းမုန်းလပြည့်နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ််းထက်ဆုံး အချိန်လို့ သတ်

မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေး ဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။

မဲဇလီနှင့် ကျန်းမာရေး

ရုက္ခဗေဒအမည်အရCassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ်အလေးချိန်ရှိ တဲ့ မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ

သုည ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ ဒသမ သုညမီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅ဝဝ၊ ဗီတာမင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ

ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို ့ အသီးသီးပါရှိကြပါ တယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်များမှာ ရှား

ရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့်steroids တွေလဲ ပါရှိကြပါ သေးတယ်။

(၁) ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုးရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ် ပူးတွဲပါရှိနေတာကြောင့်

ရှေးတိုင်းရင်း သမားတော်ကြီးများက မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် အိပ်

မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှု၊ပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါ တယ်။

(၂) အိန္ဒိယနိုင်ငံမှာတော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။

(၃) သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကိုသုပ်၍စားက နှစ်နှစ်ခြိုက်

ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

(၄) ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံး ရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်ပါ တယ်။

(၅) မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိတဝိုက်ကွင်းပေးပါ။

(၆) ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်း အတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်

ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ် တန့်ပါလိမ့်မယ်။

(၇) ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာ ခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကိုဆတူရော၍ သုံးခွက်တစ် ခွက်တင်ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

(၈) ကလေးများ သန်ထပါက မဲဇလီရွက်လတ်လတ်ဆတ်ဆတ် ထောင်းရည် (သတ္ထရည်)နှင့် သံပရာရည် ရောစပ် တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်ပါ တယ်။

(၉) ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာအဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါ တယ်။

(၁ဝ) ကင်း၊ ပုရွက်ဆိတ် စတဲ့ အဆိပ်ရှိ သတ္တ ဝါတွေ အကိုက်ခံရပါက၊ မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ် အုံပေးပါက အဆိပ်ပြေစေပါတယ်။

(၁၁) နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံ

ခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။

(၁၂) အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို ့မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်း ပေးပါ။

(၁၃) မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့် ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။

(၁၄) မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်း စေပါတယ်။ (၁၅) အစာချေစနစ်ကို ကောင်းမွန်စေရုံ သာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို သက်သာစေပါတယ်။

(၁၆) ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကို ဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို အထောက်အပံ့ပေး ပါတယ်။

(၁၇) အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင်အူမကြီးနှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စတဲ့ ကပ်ပါး ကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။

(၁၈) ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်း ကျိုးပြုပါတယ်။

(၁၉) သရက်ရွက်ထဲရှိ ကောင်းသောဆဲလ် အသစ်များကို တိုးပွားစေတာကြောင့်၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။

(၂ဝ) မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်း သောဓာတ်များကို လောင်ကျွမ်းစေပါ တယ်။

(၂၁) အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်

သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါ

များ မဖြစ်စေနိုင်ပါ။

(၂၂) မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွားလာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင် မိခင်များ မဲဇလီဖူးကို မဖြစ်မနေစားသုံး သင့်ပါတယ်။

(၂၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီ ဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ ဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညမှာ ကာလသား တွေဟာ အိမ်တတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ၊ စနောက် လေ့ရှိ ကြတဲ့ 'ကျီးမနိုးပွဲ' (ဝါ) 'စောရပွဲ' ဟာလည်း ချစ်စရာ့ မြန်မာ့ရိုးရာဓလေ့လေးပါ။ ဆေး ပေါင်းခတဲ့ တန်ဆောင်မုန်း လပြည့်ညလေးမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူး သုပ်လေး စားရင်း၊ ရောဂါဘယကင်းဝေးကြပါစေ။

Credit : ပေါက်ပေါက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။