ဟန်သီ ဆိုတာ ကို မသိတဲ့သူတွေရှိပါလိမ့်မယ် သို့သော်လည်း ယခင်တုန်းက Miss အနေနှငိ့ လှုပ်ရှားခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ကူးနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ live လွင့်တာဟာ လိုအပ်တာထပ်ပိုပြီး ချွဲပြီးပြောနေတယ်ဆိုပြီး ထွက်လာပါတော့တယ်။

သူမဟာ မနေ့က သူမရဲ့ ပရိသတ်တွေ အတွက် သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ live လွှင့်ခဲ့ပြီး စကားပြောခဲ့တာဖြစ်ပါတယ်။ ထို live ကြောင့်ပဲ သူမဟာ ဝေဖန်ခံနေရတာပါ။ သူမဟာ ထို live ထဲမှာ We Are The World သီချင်းဆိုပြခဲ့ပြီး စကားပြောပုံ မှာ ချွဲလွန်းအားကြီးတယ်ဆိုပြီး ဝိုင်းပြီးပြောကြတာပါ။ သူမ အသက်မှာ ၁၇ ကျော် ၁၈ နီးပါးရှိပြီဖြစ်သော်လည်း ကြည့်ရှု့သူတွေဟာ ယွန်းဝတီလွင်မိုး live လွင့်တဲ့ အခါ စကားပြောပုံ နှင့် နှိုင်းယှဉ်ကာ အလွန်ကွာခြားတယ်ဆိုပြီး ထင်မြင်ခံနေရတာဖြစ်ပါတယ်။

သူမ live လွှင့်တာနှင့် ပတ်သက်ပြီး ဟာသပေါင်းများစွာ memes ပေါင်းများစွာ ထွက်ပေါ်လာပြီး ဝိုင်းပြီး ဝေဖန်ခံနေရပါတယ်။ သူမဘက်က ကာကွယ်ပေးတဲ့ သူတွေရှိသော်လည်း များသေားအားဖြင့်က ဝိုင်းဝန်းရှုတ်ချတာကို ကော့မန့်မှာတွေရမှာပါ။ သူတို့ပြောသလောက်ဟုတ်လားမဟုတ်လားဆိုတာကိုတော့ ဖေ့ဘွတ်မှာ Han Thi ဆိုပြီး ရိုက်ကာ ဝင်ကြည့်နိုင်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။