တရုတ်ရဲ့ပထမဆုံးအမျိုးသမီးတိုက်လေယာဉ်မှူး ဝေဟင်မှာ မတော်တဆမှုနဲ့သေဆုံး
*****************************************
တရုတ်ပြည်ရဲ့ J-10 တိုက်လေယာဉ်မောင်းနှင်တဲ့ ပထမဆုံးအမျိုးသမီးလေယာဉ်မှူး ဟာ စနေနေ့မှာ လေယာဉ်မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့တယ်လို့ စီချွမ်းကွန်မြူနစ်လူငယ်အဖွဲ့ချုပ် က ပြောပါတယ်။
စီချွမ်ပြည်နယ် ချန်တူမြို့တော်မှာမွေးဖွားတဲ့ ယူရှု ၃၀ နှစ်ဟာ တရုတ်လေတပ်ရဲ့ သြဂုတ်လ ၁ရက် လေကြောင်းသင်တန်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းဖြစ်တိုက်လေယာဉ်တွေကို မောင်းနှင်နိုင်တဲ့ အမျိုးသမီး လေယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။
အကြောင်းရင်းအတိအကျမသိရတဲ့ မတော်တဆမှုကြောင့် ယူရဲ့လေယာဉ်ဟာ မြေပြင်ကို ထိုးဆင်း သွားခဲ့တာဖြစ်ပြီး သူ အချိန်မီခုန်မဆင်းနိုင်ခဲ့ဘူးလို့မီဒီယာဖော်ပြချက်တွေအရ သိရပါ တယ်။
သူဟာ အမျိုးသားလေယာဉ်မှူးတစ်ဦးနဲ့အတူမောင်းနှင်နေခဲ့တာဖြစ်ပြီး ၎င်းအမျိုးသား ကတော့ ခုန်ဆင်းနိုင်ခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။
သူက ၂၀၀၅ ခုနှစ်မှာ လေတပ်လေယာဉ်မှူးအဖြစ်လျှောက်ထားခဲ့ပြီး လေးနှစ်အကြာမှာ တရုတ်ပြည်ရဲ့ ပထမဆုံးအမျိုးသမီးတိုက်လေယာဉ်မှူး ၁၆ ဦးထဲမှာ အပါအဝင်ဖြစ်လာခဲ့ပါတယ်။
Source: South China Post
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။