ရန်ကုန်မြို့ ပြည်လမ်း ရမိုင်အနီးရှိ လူနေမှုအသုံးအဆောင် ပစ္စည်း အရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့ ပြည်လမ်း ရမိုင်အနီးရှိ လူနေမှုအသုံးအဆောင် ပစ္စည်း အရောင်းဆိုင်တွင် (နိုဝင်ဘာလ ၁၅ ရက်)မွန်းလွဲ ၁၂ နာရီ ၉ မိနစ်ခန့်က စ၍ မီးလောင်မှု ဖြစ်ပွားရာ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် မီးထိန်းလိုက်နိုင်ကြောင်း သတင်းရရှိသည်။

စူပါမားကတ် ၏ ပထမထပ်တွင် ဝါယာရှော့ ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အကြမ်းဖျဉ်း သုံးသပ်ထားသည်။

မီးလောင်မှု ဖြစ်ပွားနေသည့် အခန်းထဲသို့ မီးသတ်တပ်ဖွဲ့ဝင်များက မှန်များခွဲ၍ ဝင်ရောက်ငြိှမ်းသတ်သောကြောင့် တပ်ဖွဲ့ဝင် ၃ ဦး မှန်ကွဲရှဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

Credit-7Day News Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။