လူးသားရယ်လို့မွေးဖွားလာရင် ယောက်ျားရော မိန်းမ မှာပါ နို့သီးခေါင်းပါတယ်ဆိုတာကို လူတိုင်းသိမှာ ပါ။ အကြောင်းအရာကတော့ သင့်စီမှာလဲ သင်မသိသေးတဲ့ သို့မဟုတ် သတိမထားမိသေးတဲ့ တတိယမြောက်နို့သီးခေါင်းရှိနိုင်တယ်ဆိုတာပါဘဲ။ လူ ၁၈ ယောက်မှာ ၁ ယောက်က တတိယနို့သီးခေါင်းရှိနိုင်ပြီး ယောက်ျားလေးတွေ စီမှာအဖြစ်များတဲ့ အတွက် ကိုကိုတို့ ဒီဟာဖတ်ပြီး မှဲ့ လား တတိယမြောက်နို့သီးခေါင်းလားဆိုတာ....

တကယ်တော့ တတိယမြောက်နို့သီးခေါင်းရှိနိုက်ချေဟာ အလွန်များပါတယ်။ သူ့ကို အင်္ဂလိပ်လို third nipple လို့ ခေါ်ပြီး တစ်ခါတစ်ရံမှာ သုံးခုထက်ပိုနိုင်သလို အများဆုံး ရှစ်ခုထိရှိနိုင်တယ်လို့သိရပါတယ်။ များသောအားဖြင့်က တတိယမြောက် နို့သီးခေါင်းကို မှဲ နှင့် အမှတ်မှား တက်ကျပြီး တော်ရုံသတိမထားမိတတ်ကြပါဘူး။ ထိုကဲသို့ သာမန်သူထပ်နို့သီးခေါင်းတစ်ခု အပိုပါတာက လွဲရင် ဘာမှထူးခြားမှု မရှိသလို ဘာမှဆိုးကျိုးလဲမရှိပါဘူး။

တတိယမြောက်နို့သီးခေါင်း ဖြစ်လာတဲ့ အကြောင်းအရင်းကတော့ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ နို့သီးခေါင်း နှစ်ခုရဲ့ အောက်မှာ တောက်လျှောက်ရှိတဲ့ နို့ လမ်းကြောင်း မှာ အသစ်တစ်ခု ထပ်ပေါက်တာဖြစ်ပါတယ်။ မိမိမှာ ရှိလားမရှိလားစစ်ဆေးချင်ရင်တော့ နဂိုရှိတဲ့ နို့သီးခေါင်းကို ဆိုဒ်အသေးမျိုးအနေနှင့်ရှိတာကိုတွေ့ရမှာပါ။ သင်တစ်သက်လုံး မှဲ့ လို့ထင်ထားတဲ့ ဟာက နို့သီးခေါင်း အပိုတစ်ခုလည်း ဖြစ်နိုင်တဲ့အတွက် စိတ်တော့မပျက်သွားနှင့်နော်။ ဆေးရုံမှာ အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။ အကယ်၍ သင့်သူငယ်ချင်းတွေက ရှာတွေ့သွားလို့ စနေရင်တော့ပြောလိုက်ပါ One Direction က Harry Styles တောင်ရှိတယ်ဆိုပြီး။

Anna

Ref: wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။