လှိုင်သာယာတွင် ယောက်ျားလျာမှ အတူနေအဖာ်ကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေ

လှိုင်သာယာတွင် လူသတ်မှု ဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဦးရွှေဘင်လမ်းပေါ်တွင် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ မဥ္ဖူ(၅)လမ်းနေ မဇင်မာလင်း(ယောက်ျားလျာ)၊ အသက်(၂၀)နှစ်၊ (အဖ) ဦးအေးလွင်သည် ၎င်းနှင့်အတူနေ အဖော်ဖြစ်သူ လိပ်စာတူ မသီတာမွန် အသက်(၂၀)နှစ်၊ (အဖ)ဦးသန်းဇော်အား ကြက်သွန်လှီးဓားဖြင့် ထိုးခဲ့ရာ မသီတာမွန်မှာ လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားပြီး မဇင်မာလင်း(ယောက်ျားလျာ) မှာလည်း မိမိကိုယ်ကို ဓားဖြင့် ပြန်လည် ထိုးခဲ့ရာ နေရာတွင်ပင် သေဆုံးသွားပါကြောင်းနှင့် သေဆုံးသူတရာခံ မဇင်မာလင်း (ယောက်ျားလျာ) အား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၂၄၅၅/ ၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

Credit - MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။