Official Channel မရှိသော်လည်း YouTube မှာလူကြည့် အများဆုံးဖြစ်လာတဲ့ မနော

မနော လို့ပြောလိုက်ရင် မသိသူတော့ မရှိလောက်ပါဘူးနော် ပရိသတ်ကြီးရေ……

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက "မိချောရေ မိချောရေ မုန့်လုံး" ဆိုတဲ့ သီချင်းနဲ့ တိုင်းသိပြည်သိ အဆိုတော် တစ်ယောက်ဖြစ်လာသူကတော့ မနော ပဲဖြစ်ပါတယ်။ အခုတစ်ခါလည်း ဗိုလ်အောင်ဒင် သီချင်းနဲ့ တစ်ဖန်နာမည်ကြီးလာပြီး ဘယ်နေရာမှာ မဆို မနော ရဲ့ သီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြားနေရပါတယ်။ ကထိန်ကလည်း "ဗိုလ်အောင်ဒင်"ထီသည်ကလည်း "ဗိုလ်အောင်ဒင်" လက်ဖက်ရည်ဆိုင်ကလည်း "ဗိုလ်အောင်ဒင်" ဖြစ်ရလောက်အောင် ရေပန်းစားနေတော့ အဆိုတော်ဘယ်သူပါလိမ့် ဆိုတဲ့သိချင်စိတ် နားထောင်ချင်စိတ်တွေနဲ့ ရှာနေကြတာ အခုဆို မနောက YouTube မှာ လူကြည့်အများဆုံးဖြစ်လာပါပြီတဲ့ ပရိသတ်ကြီးရေ……

အဆိုတော်မနောဟာ Official Channel မရှိသော်လည်း Youtube မှာ လူကြည့်အများဆုံး မြန်မာအဆိုတော်ဖြစ်လာပါပြီ။ ချစ်တယ် နဲ့ မိချောအပါအဝင်စုစုပေါင်း သီချင်း၄ပုဒ်ဟာ ဝင်ကြည့်သူပေါင်း ၁သန်းအထက်ရှိနေပါတယ်။သနပ်ခါးလေးနဲ့မောင့်ချစ်သူသီချင်းကတော့ ကြည့်ရူသူ ၃သန်းကျော်ရှိနေပါတယ်။ ယခုစုစုပေါင်း၅ပုဒ်ဟာကြည့်ရှုသူ သန်းကျော်နေသလို အခြားသီချင်းအချို့မှာလည်း ၈သိန်း ၉သိန်း ရှိနေတဲ့အတွက်နောက်ထပ် တစ်သန်းကျော်မယ့်အခြေအနေပါပဲ။

ပြည်တွင်းက အဆိုတော်အချို့မှာ တစ်သန်းကျော်တဲ့ သီချင်းတွေရှိပါတယ် သို့သော် တစ်ပုဒ်တစ်လေ ပါ ။ ၂ပုဒ်ဆိုတာအလွန်ဆုံးပါပဲ။ အခုလို ၃သန်းကျော်တာ ၁သန်းကျော် ၄ပုဒ်နဲ့ ၉သိန်းကျော်တွေလည်းထပ်ရှိနေသေးတာ မနောဟာပထမဦးဆုံးပါ။

ကဲ မနော တွက် ဂုဏ်ယူတယ်မဟုတ်လား ပရိသတ်ကြီး……

Source: Candy Town

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။