ပေါက်တတ်ကရကတိတွေပေးပြီး ပျော်ပျော်နေခဲ့ကြပေမယ့် ကိုယ့်ရဲ့ညီအစ်ကိုလိုခင်ရတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် သေဆုံးသွားချိန်မှာတော့ ပေးထားတဲ့ကတိကို ဝမ်းနည်းမှုတွေကြားကနေ မဖျက်ဘဲ မရှက်ဘဲ တက်ရောက်လာတဲ့ Barry Delaneyဆိုတဲ့ လူငယ်လေးရဲ့ ဓာတ်ပုံတွေဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့လို့လာခဲ့ပါတယ်။

အသက်၂၈နှစ်အရွယ် Barry ဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Kevin Elliott နဲ့ လွန်ခဲ့တဲ့သုံးနှစ်က ကတိတစ်ခုထားခဲ့ပါတယ်။ ကတိကတော့ ဘယ်သူပဲအရင်သေဆုံးသွားခဲ့သည်ဖြစ်စေ ကျန်တဲ့တစ်ယောက်က အသုဘကို မိန်းမလို အဝတ်အစားအရောင်တောက်တောက်ဝတ်လာရမယ်လို့ပဲ ဖြစ်ပါတယ်။ ကတိကတော့ အပျော်သဘောပေးခဲ့တာဖြစ်ပေမယ့် တကယ်တမ်း Kevin သေဆုံးချိန်မှာတော့ Barry ဟာ ကတိအတိုင်း အသုဘကို လာရောက်ခဲ့ပါတယ်။

အဝတ်အစားအရောင်က Kevin မသေခင်ဟာသအနေနဲ့ပြောခဲ့တဲ့ အရောင်တောက်တောက်ပါ။ Barryဟာ သူ့သူငယ်ချင်းအုတ်ဂူရှေ့မှာ ဒူးထောက်ပြီးငိုကြွေးရင်း သူ့သူငယ်ချင်းကို ငါ့အကျီင်္အရောင်ကို မင်းသဘောကျရဲ့လားလို့ မေးခဲ့ပါတယ်။ Kevinကတော့ ပြန်လည်မဖြေကြားနိုင်ဘဲ ငြိမ်သက်လျက်..။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။