လက်တည့်စမ်းလိုတာကြောင့် (၅)နှစ်အရွယ် ညီမကို အဓမ္မပြုကျင့်တာပါလို့ ကျုးလွန်သူအစ်ကိုက ဖြောင့်ချက်ပေး

ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် ဖြစ်ပွားသော မုဒိမ်း မှု၌ အသက်(၅)နှစ်အရွယ် မိန်း ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ သည် အစ်ကိုတော်စပ်ပြီး ကျူးလွန်ချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိဘဲ လက်တည့်စမ်းလိုခြင်းကြောင့် ကျူးလွန်မိသည်ဟု  ဖြောင့်ချက်ပေးထွက်ဆိုကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂ရက်က ဖြစ်ပွား ခဲ့သော အဆိုပါမုဒိမ်းမှုတွင် ကျူး လွန်သူသည် အသက်(၁၈)နှစ်အ ရွယ် အမေတူ အဖေကွဲတော်စပ် သူဖြစ်ကြောင်း နိုဝင်ဘာ ၁၄ရက် ၌ ရဲတပ်ဖွဲ့ကစစ်ဆေးဖော်ထုတ် ခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁နာရီခန့်တွင် ဒဂုံ အရှေ့မြို့နယ်တရားရုံး၌ တရားခံက လက်တည့်စမ်းလိုသောကြောင့် ကျူးလွန်မိခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း ဖြောင့် ချက်ပေးခဲ့သည်ဟု ဒဂုံအရှေ့မြို့ နယ်တရားရုံးမှ စုံစမ်းသိရသည်။

‘‘သူက လိင်စိတ်ကြွစေတဲ့ ရုပ်ရှင်ကြည့်ထားတာမျိုးလည်းမ ဟုတ်ဘူး။ အရက်တွေဘာတွေ သောက်ထားတာလည်းမဟုတ် ဘူး။ သူစမ်းသပ်ပြီး သူ့ညီမလေး ကို လုပ်မိတာပါလို့ဖြောင့်ချက် ပေးသွားတာ’’ဟု ဒဂုံမြို့နယ်အ ရှေ့ပိုင်းရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

ရဲတပ်ဖွဲ့က တရားခံ အသက်(၁၈)နှစ်အရွယ်ရှိ အစ်ကိုဖြစ်သူ ကိုကိုဟန်(ခ)ကိုဟန်ကို နိုဝင်ဘာ ၉ရက်ကတည်းက  မသင်္ကာသူအဖြစ်ခေါ်ယူစစ်ဆေးခဲ့ရာ ကိုကိုဟန်က အကျောက်အကန်ငြင်းဆိုနေသောကြောင့် ချော့မော့စစ်ဆေးခဲ့ကြောင်း ဒုရဲအုပ်ဇော်မင်းလှိုင်က ပြောသည်။

‘‘အမှုစဖြစ်ကတည်းက စော် ကားခံရတဲ့ကောင်မလေးက အဲဒီ သူ့အစ်ကိုနာမည်ပဲပြောနေတာ။ ကိုကိုကြီးက သမီးကိုလုပ်တာဆို ပြီးပြောတယ်။ ဒါပေမဲ့ဟိုကောင် က အကျောက်အကန်ငြင်း၊ မိသားစုချင်းဖြစ်နေတော့ ချော့မော့ပြီး ပြစ်ဒဏ်လျှော့ပေးမယ်။ မင်းညီမလေးကို မသနားဘူးလားအဲဒီလိုမေးမှပြောတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ မိသားစုဘက်ကလည်း တရား ဥပဒေအရ အရေးယူခြင်းကိုသာ လက်ခံမည်ဖြစ်ကြောင်း ပြော ကြားထားသည်။ လက်ရှိတွင် တ ရားခံ ကိုကိုဟန်(ခ)ကိုဟန်ကို ဒဂုံအရှေ့မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၇၆၊ ၅၁၁တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ချုပ်ရက်ရမန်ဖြင့် ချုပ်နှောင်ထားသည်။ ရန်ကုန်တိုင်းတွင် ၁ဝလအတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၇၄မှုဖြစ်ပွားပြီး ယင်းအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်းမှာပင် လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာစော်ကားခံနေရခြင်းဖြစ်သည်။

Source: 7 Day News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။