အမျိုးသားဇာတ်ပို့ဆုအတွက် ပရိသတ်မဲအများဆုံး ရရှိထားတဲ့ ထွန်းထွန်း

အကယ်ဒမီရာသီ နီးလာတာနဲ့အမျှ အကယ်ဒမီနဲ့ပတ်သတ်တဲ့ တစ်ကြိုပေးမှုတွေ ရင်ခုန်သံစကားတွေလည်း ပေါ်ထွက်လို့လာပါပြီ။ ပရိသတ်တွေကလည်း ကိုယ်အားပေးတဲ့ အနုပညာတွေက ဘယ်ဇာတ်ကားနဲ့ ဘာဆုတွေ ရမယ်စသဖြင့် အကယ်ဒမီတစ်ကြိုပေးခြင်းတွေ လုပ်နေကြပါပြီ။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် တစ်ကြိုပေးခြင်းခံရတဲ့ သူတွေကတော့ အကယ်ဒမီဇင်ဝိုင်း နေမင်း နဲ့ ထွန်းထွန်းတို့ပဲဖြစ်ပါတယ်။

အကယ်ဒမီဇင်ဝိုင်းကတော့ ပရိသတ်တခဲနက်အားပေးခဲ့တဲ့ "ချစ်လှစွာသော အမုန်း" ဇာတ်ကားနဲ့ အကယ်ဒမီရမယ်ဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။ ဇင်ဝိုင်းဟာ ဒီဇာတ်ကားမှာ မိန်းမငယ်လေးတစ်ယောက်ကို ပန်းကောင်းအညွှန်းချိုးခဲ့သူ နောက်ဆုံးကိုယ့်အမှားကို သိသွားပြီး နောင်တတွေရခဲ့သူ စသဖြင့် ကျရာဇာတ်ရုပ်တွေနဲ့ အံဝင်ဂွင်ကျ သရုပ်ဆောင်နိုင်ခဲ့မှုတွေကြောင့် အကယ်ဒမီတစ်ကြိုပေးခြင်းခံရတာဖြစ်ပါတယ်။

နေမင်းကတော့ "လူးရတနာသိုက်" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုသားဆုအတွက် အကယ်ဒမီတစ်ကြိုစာရင်းမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ နေမင်းဟာ ဒီဇာတ်ကားမှာ တောတွင်းသားလေး ဂျိုဝါအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ အကယ်ဒမီပေးခဲ့တာပဲဖြစ်ပါတယ်။

ထွန်းထွန်းကတော့ "အုတ်ကြားမြက်ပေါက်" ဇာတ်ကားနဲ့ အကယ်ဒမီရနိုင်မယ်ဆိုပြီး တစ်ကြိုပေးခံခဲ့ရပါတယ်။ ထွန်းထွန်းဟာ "အုတ်ကြားမြက်ပေါက်" ဇာတ်ကားမှာ ဖိုးသကြားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သဏ္ဍာန်လုပ်သရုပ်တူမှုတွေကြောင့် အကယ်ဒမီတစ်ကြိုပေးစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီအမျိုးသားဇာတ်ပို့ဆုအတွက် အကောင်းဆုံးအကယ်ဒမီ ထူးချွန်ဆုကို Vote ပေးရွေးချယ်ခဲ့ကြပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ပရိသတ် Voting အများဆုံး ရရှိခဲ့သူကတော့ ထွန်းထွန်း ပဲဖြစ်ပါတယ်။ ထွန်းထွန်းဟာ ပရိသတ် Voting 3.9k ရရှိခဲ့ပြီး မဲအများနဲ့ ရပ်တည်လျက်ရှိပါတယ်။

မကြာမီမှာ ကျင်းပတော့မဲ့ အကယ်ဒမီပွဲမှာ ဘယ်သူက အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရမလည်းဆိုတာကိုတော့ စောင့်ကြည်ကြတာပေါ့ ပရိသတ်ကြီးရေ………

Source: Myanmar Filam Academy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။