ဒီဗီဒီယို ကို အမည်မဖော် ၈ နှစ်အရွယ်ကလေးက ခိုးရိုက်ကာ တိုင်ကြားခဲ့တာပါ။ အငိုမတိတ်လို့ ကလေးကို lesson ပေးတာပါလို့ပြောခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ အပြာရောင် တီရှပ်ဝတ်ဆင်ထားပြီး အဖြူရောင် ဘောင်းဘီဝတ်ထားတဲ့ အမေဟာ ဆိုဖာပေါ်မှာရှိတဲ့ ကလေးကို အဆက်မပြတ်ပါးရိုက်နေတာကိုတွေ့ရမှာပါ။ ရိုက်တဲ့ အချက်တိုင်းမှာလည်း သာသာမွန်မွန်ရိုက်တာမဟုတ်ဘဲ အလွန်ပြင်းထန်စွာရိုက်တာပါ။ကလေးငယ်မှာ အရိုက်ခံရလွန်းအားကြီးတဲ့အတွက်ကြောင့် ပါးတွေရော ခေါင်းတွေပါ နီမြန်းနေတာကိုတွေ့ရမှာပါ။

လပိုင်းအရွယ်ကလေးကို ယခုလိုမျိုးရိုက်ရင် ဦးနှောက်ကို ပြင်းထန်စွာထိခိုက်နိုင်ပြီး အခတ်မသင့်ရင်သေတောင်သေနိုင်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။ ရဲတွေကတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဗီဒီယိုကတော့ South Kazakhastan ကလို့သိရပါတယ်။ ဗီဒီယိုကို ဒီနှစ်သြဂုတ်လမှာ ရိုက်ကူးခဲ့တာဖြစ်ပေမယ့် ယခု အပတ်မှာဘဲ အင်တာနက်မှာ ပြန့်နှံ့ခဲ့တာပါ။ ကိုယ့်သားသမီးအရင်းကို အဲ့ဒီလိုမျိုးရိုက်တာ တော်တော်ကို လူမဆန်တဲ့မိဘတွေ.....

Source: thesun.uk

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။