လူငယ်အဆိုတော် XBox ကတော့ ပရိတ်သတ်တစ်ယောက်ရဲ့ ပြောစကားကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ် ။

နို၀င်ဘာ ၁၇ ရက်နေ့ မှာ ထောင်ကလွတ်မြောက်လာတဲ့ရဲတိုက်ကြောင့် သူ့ရဲ့ ပရိတ်သတ်တွေ ပျော်ရွှင်နေကြပြီး

အနုပညာရှင်မောင်နှမတွေကလည်း သူ့အတွက် ၀မ်းသာနေကြပါတယ် ။ XBox လို့ပရိတ်သတ်တွေသိကြတဲ့ ရဲခေါင်ဖူးကတော့

သူသဘောကျတဲ့ မင်းသား ရဲတိုက် လွတ်တာကို ၀မ်းမြောက်ဝမ်းသာနဲ့ သူ့ရဲ့ Facebook ကနေ " ရဲတိုက်လွတ်ပြီ " လို့ရေးသားခဲ့တဲ့စာအောက်မှာ

ပရိတ်သတ်တစ်ယောက်က တစ်ချိန်က XBox အချုပ်ကျဖူးတဲ့ကိစ္စနဲ့ပါတ်သတ်ပြီး ပြန်လည် ရေးသားခဲ့တာကြောင့် XBox တစ်ယောက် စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ် ။ 

" စိတ်မကောင်းဘူးဗျာ

ကျွန်တော့အနာဟောင်းကိုဘာလို့ဖိနှိပ်ပြောကြတာလဲ " လို့ လည်း သူကဆိုခဲ့တာပါ ။ 

ထိုပရိတ်သတ်ကိုလည်း ပုံထဲကအတိုင်း တိုက်ရိုက်ပဲ စာပြန်ခဲ့ပြီး

ထောင်ထဲပြန်မသွားချင်ပါဘူး အရမ်းကြောက်သွားလို့ပါ လို့လည်းသူက ဆိုခဲ့တာကို တွေ့ရှိရပါတယ် ။

XBox ဟာ OPPO နဲ့ Green Circle & New Smart Co., Ltd တို့ရဲ့ Brand Ambassador တစ်ဦးလည်းဖြစ်ပြီး

လူငယ်တွေကြားရေပန်းစားတဲ့အဆိုတော်တစ်ဦးလဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် XBox

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။