အဆို်တော် Miley Cyrus က သူမ အနေနဲ့ မနက်တိုင်း အိပ်ရာ က ထဖို့ နှိုးစက် ပေးစရာမလို ပါဘူးတဲ့။ အကြောင်းကတော့ သူမ ရဲ့ ချစ်စဖွယ် ခွေးလေးတွေ က သူမ မနက်မိုးလင်းတိုင်း အိပ်ရာထဖို့ လာရောက်နှိုးလေ့ရှိလို့ပါတဲ့။ သူမ မှာ ချစ်စဖွယ် ခွေးလေး ခုနှှစ်ကောင် ရှိပါတယ်။ အဲ့ဒီ့ ခွေးလေး ခုနှစ်ကောင် က သူမ ကို အရမ်းချစ်တာပါတဲ့။

အဆို်တော် Miley Cyrus နဲ့ သူမ ရဲ့ ခွေးလေးတွေ ကြားက မေတ္တာ က ဘယ်လောက်ထိ ရှိတယ်ဆို တာ ပုံကိုကြည့်တာ နဲ့တင်သိနိုင်ပါတယ်။ သူမ ရဲ့ ခွေးလေး ခုနှစ်ကောင် လုံး သူမ ရဲ့ အိပ်ရာ နားမှာ မခွာဘဲ အတူရှိနေတဲ့ ပုံကို တွေ့ရမှာပါ။ Miley Cyrus က သူမ ရဲ့ အချစ်တော် ခွေးလေးတွေကို Instagram ကနေ တဆင့် ပြန်လည် မျှဝေခဲ့ပါတယ်။ ချစ်စဖွယ် ခွေးလေး တွေ ရဲ့ နာမည်တွေ Tani, Emu နဲ့ Mary Jane တို့ကို caption ရေးပြီး ဓာတ်ပုံနဲ့ တကွ ပြန်လည်မျှဝေခဲ့တာကို ကြည့်ရင် သူမ ရဲ့ ခွေးလေးတွေကို အလွန် ချစ်မြတ်နိုးမှန်း သိသာပါတယ်။

သတင်း ရင်းမြစ်များ ရဲ့ အဆိုအရ သူမ ရဲ့ ခွေးလေးတွေ ရဲ့ ပုံတူ တက်တူးတွေကို တောင် သူမရဲ့ ခန္ဓာကိုယ်မှာ ထိုးထားတာပါတဲ့။ တချို့ခွေးလေးတွေကတော့ လက်ဆောင်ရထားတာဖြစ်ပြီး၊ တချို့ကတော့ Miley ကိုယ်တိုင် ၀ယ်ယူ မွေးစားထားတာပါ။ အဆို်တော် Miley Cyrus က တော့ သူမ နဲ့ ခွေးလေးတွေ ကြားက သံယောဇဉ်ကို ပရိသတ်ကို လှစ်ဟ ပြသခဲ့ပါတယ်။ သူမရဲ့ ပရိသတ် များထဲမှ ခွေးချစ်တတ်သူ များကလည်း သူမ ကို အားကျခဲ့ကြပါတယ်။

Source: US Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။