ကလေးသရုပ်ဆောင် အိစိကွေးကတော့ အင်းလေးကို မိသားစုနဲ့အတူတ ခရီးထွက်တဲ့ပုံလေးတွေကို သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။

ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ ကလေးဘဝထဲက ပါ၀င်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်ပီပြင်လွန်းတာကြောင့်ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ကလေးသရုပ်ဆေင်တစ်ဦးဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အိစိကွေးဟာ ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်အဖြစ် အနုပညာအလုပ်တွေပြောင်းလဲလုပ်ကိုင်နေပြီဖြစ်ပါတယ်။

အသက်အရွယ်အရ ရင့်ကျက်မှုရှိလာတဲ့ အိစိကွေးဟာ အနုပညာလှုပ်ရှားမှုမှာ ဘော်ဒီဖြောင့်တဲ့ မော်ဒယ်ဘွိုင်းတွေနီးပါး စမတ်ကျတဲ့ဖက်ရှင်လေးတွေနဲ့မကြာခဏတွေ့မြင်လာရပါတယ်။

ပရိသတ်တွေမျက်စိရှေ့မှာတင် အရွယ်ရောက်လာတဲ့အိစိကွေးဟာ တလောက တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ထားပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်နေတာဖြစ််ပါတယ်။

မေမေနဲ့အတူ အင်းလေးမှာရောက်ရှိနေတဲ့ အိစိကွေး ရဲ့ ဆံပင်ကေအလန်းကတော့ ပရိသတ်တွေမျက်စိကျနေတဲ့အထဲမှာပါ၀င်နေပါတယ်။

အိစိကွေး ရဲ့ ပရိသတ်တွေရှိလား။  

Source : EisiKway fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။