မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုလဲဖြစ်သလိုနိုင်ငံခြားခရီးသွားဧည့်သည်တွေကိုစွဲဆောင်နိုင်ဆုံးနေရာဒေသတစ်ခုဖြစ်တဲ့ပုဂံမြေမှတန်ခိုးကြီးရွှေစည်းခုံစေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲနှင့်ဗုဒ္ဓမြတ်စွယ်တော်စွယ်တော်လှည့်လည်အပူဇော်ခံပွဲမှာပရိသတ်အချစ်အနုပညာရှင်တွေပါဝင်ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။

ပရိသတ်ချစ်အနုပညာရှင်တွေကိုထူးထူးခြားခြားရှေးခေတ်ပုဂံအဝတ်အစားလေးတွေနဲ့မြင်တွေ့ကြရတာပဲဖြစ်ပါတယ်။

ပုဂံခေတ်ဝတ်စားဆင်ယင်မှုလေးတွေနဲ့အရမ်းကိုလိုက်ဖက်လှပြီးဟိုးအရင်ခေတ်ကိုပြန်လည်ခေါ်ဆောင်သွားသလိုမြင်တွေ့ခံစားရတာပဲဖြစ်ပါတယ်။

ယခုလိုမြန်မာနိုင်ငံရဲ့အထင်ကရတန်ခိုးကြီးရွှေစည်းခုံစေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲနှင့်ဗုဒ္ဓမြတ်စွယ်တော်စွယ်တော်လှည့်လည်အပူဇော်ခံပွဲမှာပါဝင်ကုသိုလ်ယူခဲ့ရတာကြောင့်အတိုင်းမသိဝမ်းသာပီတိဖြစ်နေကြတာပဲဖြစ်ပါတယ်။ 

ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ပရိသတ်အချစ်တော်အနုပညာရှင်တွေကတော့လူမင်း,အောင်မင်းခန့်,ခိုင်းသင်းကြည်နဲ့ခင်ဝင့်ဝါတို့ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့အနုပညာရှင်ညီကိုမောင်နှမတွေကအားတက်သရောတက်ညီလက်ညီပါဝင်ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။မြို့အတွင်းမှာလဲဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ခံကြတာဖြစ်ပြီးဒေသခံပရိသတ်တွေအုတ်အုတ်ကျပ်ကျပ်နဲ့တကယ်ကိုစည်းကားလှတာပဲဖြစ်ပါတယ်။

ပရိသတ်ချစ်အနုပညာရှင်တွေရဲ့အတိုင်းမသိဝမ်းသာပီတိစကားတွေကိုလဲကြားသိခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွယ်တော်အားကိုယ်တိုင်ပင့်ဆောင်ပူဇော်ခွင့်ရသည့်အတွက်အတိုင်းထက်အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်လို့အန်ကယ်လေးသရုပ်ဆောင်လူမင်းကဝမ်းသာပီတိစကားဆိုထားတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းမလေးခင်ဝင့်ဝါဟာလဲသူမရဲ့လူမှုကွန်ယက်မှာ"ဒီပွဲလေးမှပါဝင်ဖူးမြှော်ကုသိုလ်ယူခွင့်ရတဲ့အတွက်လည်းအတိုင်းအဆမသိဝမ်းမြောက်ပီတိဖြစ်ရပါတယ်"ဆိုတဲ့စာလေးတွေနဲ့အတူချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေမျှဝေထားတာပဲဖြစ်ပါတယ်။

ကမ္ဘာကတောင်စိတ်ဝင်စားခြင်းခံနေရတဲ့ပုဂံမြေရဲ့သမိုင်းဝင်အမွေအနှစ်တန်ခိုးကြီးဘုရားတွေရဲ့အထိမ်းအမှတ်ပွဲတွေမှာအနုပညာရှင်တွေပါဝင်ကုသိုလ်ယူကြတာလဲတကယ်ကိုကြည်နူးစရာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်အနုပညာရှင်တွေနဲ့ထပ်တူပုဂံမြေမှချစ်ပရိသတ်တွေလဲအရမ်းကိုပျော်ရွှင်ခဲ့ကြရတာပဲဖြစ်ပါတယ်။

ပုဂံမြေမှဒေသခံပရိသတ်များစွာလဲလာရောက်ကုသိုလ်ယူခဲ့ကြပြီးစည်းစည်ကားကားနဲ့အောင်မြင်စွာကျင်းပခံကြတာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်အနုပညာရှင်တွေရဲ့မြင်တွေ့ရခဲတဲ့ပုဂံဝတ်စားဆင်ယင်မှုလေးတွေနဲ့ကုသိုလ်ယူနေကြတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်သာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ခင်ဝင့်ဝါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။