ဆိုရှယ်မီဒီယာတွေ ခေတ်စားနေတဲ့အချိန်မှာ အနုပညာရှင် ဆယ်လီတိုင်းကလည်း လှုမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့ဘုတ်စ် ၊ အင်စတာဂရမ် စသဖြင့် ကိုယ်ပိုင်အကောင့်တွေနဲ့ဖွင့်ကာ သုံးစွဲလာကြပါတယ်။

ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေနဲ့ပါ လေလှိုင်းကနေ ထိတွေ့ခွင့်ရတာကြောင့် နာမည်ကြီးဆယ်လီတွေနဲ့ အနုပညာရှင်တိုင်းလိုလိုရဲ့ အကောင့်တွေကို မသမာသူအချို့က ထိန်းချုပ်ပြီး ရယူလိုကြပါတယ်။

လက်တလောမှာတော့ အကယ်ဒမီသက်မွန်မြင့်တစ်ယောက် သူမရဲ့ ဖေ့ဘုတ်Page ကို နည်းပညာကျွမ်းကျင်တဲ့ ဟတ်ကာသမားတစ်ဖွဲ့ရဲ့ ထိန်းချုပ်ရယူခြင်းခံနေရပါတယ်။

ပရိသတ်တွေနဲ့တရင်းတနှီးနေလေ့ရှိပြီး ဖေ့ဘုတ်စ်မှာ အနုပညာလှုပ်ရှားမှုလေးတွေအပြင် ကိုယ်ရေးကိုယ်တာပုံလေးတွေမျှဝေေ့လရှိတဲ့ ချစ်သက်ရဲ့့ လူမှုကွန်ရက်စာမျက်နှာဟာ ပျောက်ချက်သားကောင်းနေတာကတော့ နို၀င်ဘာလ(၁၄)ရက်နောက်ပိုင်းမှာပါ။

ချစ်သက်ရဲ့ ဖေ့ဘုတ်ပေ့ခ်ကို ဟတ်ထားတဲ့ ဟတ်ကာအဖွဲ့ရဲ့ နာမည်ကတော့ M4L အဖွဲ့ဖြစ်တယ်လို့သိရပြီး သူတို့ဟာ သက်မွန်ရဲ့အကောင့်ကို လုံခြုံရေးအရ ၀င်ရောက်စစ်ဆေးပေးခြင်းသာဖြစ်တယ်လို့ အောက်ပါအတိုင်း အသိပေးရေးသားထားပါတယ်။

""ကျ​​ွန်​တော်​တို့ M4L F4M!1Y အဖွဲ့မှ

ဤ Page အား Security Check လုပ်​ခြင်​းဖြင်​့ ​

ခေတ္တ​စောင်​့​ရှောက်​​ပေးထားခြင်​းသာ ဖြစ်​ပါတယ်​။

အကယ်​ဒမီရုပ်​ရှင်​မင်​းသမီး မသက်​မွန်​မြင်​့အား ပြန်​လည်​

အပ်​နှံသွားပါမည်​ဖြစ်​ပါသဖြင်​့ မသက်​မွန်​မြင်​့ ကိုယ်​တိုင်​​​ဖြစ်​​စေ

မသက်​မွန်​မြင်​့၏ မိသားစုဝင်​တစ်​ဦးဦး​ဖြစ်​​စေ ဤPage Chat Box သို့ဆက်​သွယ်​​ပေးပါခင်​ဗျာ

(M.A.L FAMILY)""

ပရိသတ်ကြီးရေ သက်မွန်ရဲ့ အကောင့်လေး အမြန်ရအောင် ဆုတောင်းပေးကြပါဦး။ 

Source- Thet Mon Myint fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။