The X- Factor ရဲ့ International Week မှာတော့ နိုင်ငံတကာက သီချင်းတွေကို သီဆိုယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် မဲပေးဖို့လည်း မမေ့ကြပါနဲ့နော်

ပထမဆုံး တင်ဆက်သူဖြစ်တဲ့ ယမုံ (Voting number – X03) က “ROAR” သီချင်းကို Performance ကောင်းကောင်းနှင့် အမှားအယွင်းမရှိ သီဆိုသွားနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း Bottom မထိုင်ရအောင် ပရိတ်သတ်ကြီးက အားပေးပါဦးနော်။

David Derrick (Voting Number – X11) ကတော့ Bruno Mars ရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ “Marry You” သီချင်းကို Performance အပြည့်နှင့် အမှားအယွင်းမရှိ သီဆိုတင်ဆက်သွားခဲ့ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူရဲ့ ဖျော်ဖြေတင်ဆက်မှုကိုလည်း ဒီညမှာ မဲ့ပေးကြဖို့ မျှော်လင့်ပါတယ်။

Oxygen (Voting Number – X06) အဖွဲ့ကတော့ Rihanna ရဲ့ “Diamond” သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ အစာအိမ်ကြောင့် ခွဲစိတ်ခန်း ၀င်ခဲ့ရတဲ့ အခြေအနေကြောင့် သီချင်းဆိုလို့မရတဲ့ Member တစ်ဦးဖြစ်တဲ့ မျိုးဆက်ကိုလည်း နေပြန်ကောင်းအောင် ဆုတောင်းပေးရင်း Oxygen အဖွဲ့ကိုလည်း နောက်ထပ်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် မဲပေးကြပါဦး။ 

G Mine Nar (Voting Number – X10) က “One call away” သီချင်းကို ခံစားချက်အပြည့် Performance အပြည့်နှင့် သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒိုင်လူကြီးများအားလုံးရဲ့ ချီးကျူးမှု ရခဲ့သလိုပဲ ပရိတ်သတ်များကလည်း သူရဲ့ ဖျော်ဖြေတင်ဆက်မှုကို မဲပေးကြဖို့လည်း မျှော်လင့်ပါတယ်။

မယ်လိုဒီခေါင် (Voting Number – X08) ကတော့ “I’m a love with a monster” သီချင်းလေးကို ချစ်စရာကောင်းကောင်းနဲ့ သီဆိုတင်ဆက်ခဲ့ပါတယ်။ သီချင်းလည်းဆိုရင်း ကလည်း ကရင်း ဖျော်ဖြေခဲ့တဲ့ သူမကို ဒီတစ်ပတ်မှာ bottom မထိုင်ရလေအောင် အားပေးကြဖို့ မျှော်လင့်ပါတယ်။ 

မနက်ဖြန် ပြသတင်ဆက်မဲ့ Result Show မှာ ဧည့်သည်အဆိုတော်အဖြစ် ပန်းရောင်ခြယ်မှ ဖျော်ဖြေတင်ဆက်ဦးမှာမို့ စောင့်မျှော်အားပေးကြဖို့ မမေ့ပါနဲ့နော်။ ပရိတ်သတ်များအနေနဲ့ မဲပေးတဲ့အခါ MPT – 8606, Telenor – 6666, Ooredoo – 6002 နံပါတ်များကို ပြိုင်ပွဲဝင်များရဲ့ ကုဒ်နံပါတ်တစ်ခုတည်းကိုသာ ရိုက်နှိပ်ပြီး SMS ပေးပို့ပေးရမှာပဲ ဖြစ်ပါတယ်။ online ကနေ မဲပေးချင်တယ်ဆိုရင်တော့ https://apps.facebook.com/forevergroup/the-x-factor-myanmar-2017-voting မှာ မဲပေးနိုင်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။