Song Song စုံတွဲကို ဒါရိုက်တာ John Woo က ပေးအပ်ခဲ့တဲ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းက နာမည်ကြီးသွားခဲ့ပါတယ်။ Song Hye Kyo နဲ့ Song Joong Ki တို့ လက်ချင်းချိတ်ပြီး အဲ့ဒီ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်း နဲ့ အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒီ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းလေးကတော့ ရွှေလက်ကောက် တစ်စုံပါ။ ဟောင်ကောင် မှ ဒါရိုက်တာ John Woo က Song Song စုံတွဲ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်ခဲ့တာပါ။

၂၀၁၄ ခုနှစ်တုန်း က Song Hye Kyo ဟာ ဟောင်ကောင် ဒါရိုက်တာ John Woo ရဲ့ "The Crossing" ဇာတ်ကားမှာ အတူ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ မင်းသမီး Song Hye Kyo က ဒါရိုက်တာ John Woo ကို သူမ အနေနဲ့ မှီခိုအားကိုးနိုင်တဲ့ အဖေ တစ်ယောက် အဖြစ် ထုတ်ပြောခဲ့ပါသေးတယ်။ မင်းသမီး Song Hye Kyo နဲ့ ဒါရိုက်တာ John Woo တို့ အတူတကွ ယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ကို ပရိသတ်တွေ တွေ့ရမှာပါ။ ယခုလို ဒါရိုက်တာ John Woo ဆီက လက်ဖွဲ့ပစ္စည်းလေး လက်ခံရရှိတော့ Song Hye Kyo အနေနဲ့ အလွန်ပျော်ရွှင်နေခဲ့ပါတယ််။

လက်ထပ်ပြီး နောက် ဟန်းနီးမွန်း ခရီးစဉ် အဖြစ် စပိန်နိုင်ငံ ကို အလည်အပတ်ရောက်ရှိတုန်း က Song Song စုံတွဲ ဟာ ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်ရောက် စားသောက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကတော့ စပိန်နိုင်ငံ Granada မြို့မှာရှိတဲ့ ကိုရီးယားစားသောက်ဆိုင်တစ်ဆိုင်က သူတို့စုံတွဲလာရောက်စားသောက်ခဲ့တာကို Instagram ကနေ တစ်ဆင့် ပြန်လည်မျှဝေခဲ့လို့ သိရတာပါ။ Song Hye Kyo နဲ့ Song Joong Ki တို့ရဲ့ လက်မှတ်တွေ နဲ့ အတူ အလွန်အရေးကြီးတဲ့ ဧည့်သည်နှစ်ယောက် လာလည်သွားပါတယ်။ ဟန်းနီးမွန်းခရီးစဉ် မှာ အခုလို Miso ကို လာရောက်တာကို ကျေးဇူးတင်ပါတယ်။ သင်တို့နှစ်ယောက် ပျော်ရွှင်ပါစေ ဆိုပြီး Instagram မှာရေးသား ခဲ့ပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။