ချစ်စရာကောင်းပြီး ပရိသတ်အများဆုံးရရှိထားသူ အကယ်ဒမီမင်းသမီးဖွေးဖွေး ရဲ့ စိတ်ထားလေးကိုတော့ မချီးကျုးပဲ မနေနိင်လောက်အောင်ပါပဲ။

ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးဟာ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ ဂန့်ဂေါ မြို့ကို ရောက်ရှိနေချိန်မှာ လမ်းခင်းနေတဲ့အလုပ်သမားတွေကို သူမကိုယ်တိုင်ချက်ထားတဲ့

ထမင်းဆီဆမ်း ကြက်ဥကြော် ကြက်ဥချောင်းတွေ လှုဒါန်းဒါနပြုခဲ့တာပါ။

မုန်းစွဲဇာတ်ကားရိုက်ကူးနေတဲ့ ဖွေးစိန်လေးဟာ လမ်းခင်းလုပ်သားတွေနဲ့ အတူ ဖော်ဖော်ရွေရွေ ပြောဆိုခဲ့ပြီး အမှတ်တရဓာတ်ပုံတွေလည်း အတူရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

နိုင်ငံကျော်မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပေမယ့် သူမရဲ့ ပွင့်လင်းပြီး ပကာသနကင်းတဲ့ နေပုံထိုင်ပုံအပြုအမူလေးတွေကြောင့် အနယ်နယ်ရပ်ရပ်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိထားပါတယ်။

လက်တလောမှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို သူမရဲ့ Fan Page တွေကသာတင်ပေးလျက်ရှိပြီး သူမရဲ့ လူမှုကွန်ရက်အကောင့်ဖြစ်တဲ့ ဖေ့ဘုတ်ကလည်း Hack ခံထားရပုံပေါက်ပါတယ်။

တကယ်လိုအပ်တဲ့ နေရာမှာ လူတန်းစားမခွဲခြားပဲ လှုဖို့ စိတ်ကူးကောင်းလေးရှိတဲ့ ဖွေးစိန်လေးအတွက် ပရိသတ်ကြီး ဆုတောင်းပေးလိုက်ပါဦးနေ်ာ။  

Source : WeLove Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။