အကြမ်းဖက်မည့်သတင်းအရရွှေတိဂုံစေတီတော်မှာလုံခြုံရေးတိုးမြှင့်

ရန်ကုန် နိုဝင်ဘာ ၁၇

(ရွှေတိဂုံစေတီတော်ကို တွေ့ရစဉ်) Photo: RFA

ရွှေတိဂုံစေတီတော်ကို အကြမ်းဖက်သမားတွေက ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေထွက််နေတဲ့အတွက် စေတီတော်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

လက်ရှိအချိန်မှာ စေတီတော်ကို လုံခြုံရေး တိုးမြှင့်နေပြီး လိုအပ်တဲ့ဝန်ထမ်းတွေလည်း တိုးချဲ့ခန့်ထားမယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

လုံခြုံရေးအတွက် စေတီတော်ရဲ့လုံခြုံရေးအဖွဲ့သာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ အသုံးပြုထားတယ်လို့လည်း ပြောပါတယ်။

လုံခြုံရေးအရ ရွှေတိဂုံစေတီတော်ကြီး အနီးဝန်းကျင်မှာ အဝေးထိန်းမောင်းသူမဲ့ ဒရုန်းလေယာဉ်တွေ ပျံသန်းခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။

Credit - RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။