အကြမ်းဖက် မသင်္ကာသူ (၅၉) ဦး မောင်တောမြို့နယ်၌ ထပ်မံဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများသို့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတစ်ဦး ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီက ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မသင်္ကာသူ ၅၉ ဦးမှ ဂွဆုံကျေးရွာနေ ရှော်ရှီးတာမောက် (၅၂) နှစ်(ဖ) အာဘီအပါအဝင် ဂွဆုံကျေးရွာမှ (၂၁) ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၉ ဦးတို့အားညနေ ၅ နာရီ ၃၅ မိနစ်တွင် အမှတ်(၃) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် လည်းကောင်း၊ ဂွဆုံကျေးရွာနေ ကျပန်းလုပ်ငန်းလုပ်ကိုင်သည့် ဟာမတ်ဒူလာ (၁၅) နှစ် (ဖ) နုလာရာလ်လောင်အပါအဝင် ဂွကျေးရွာမှ ၁၅ ဦး၊ ကျားခေါင်းတောင်ကျေးရွာမှ ၁၂ ဦး၊ ဒါးကြီးဇားကျေးရွာမှ ၁ ဦး၊ ဦးဆိန်ကျကျေးရွာမှ ၁ ဦးတို့အားညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင် လည်းကောင်း ခေတ္တထိန်းသိမ်းထားရှိကြောင်းသိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။