အွန် လိုင်းတွင် ပျံ့နှံ့ခဲ့သည့် အမူးလွန် နေသည့် ဓါတ် ပုံ အတွက် ၀ိန်းရွန်းနီ က ဆောက် ဂိတ် ၊ FA နှင့် ပရိသတ်တွေကို ပြန် လည် တောင်းပန်

အင်္ဂလန် အသင်းခေါင်းဆောင် ၀ိန်းရွန်းနီ ဟာ ပြီးခဲ့တဲ့ နိုင် ငံ တကာပွဲ အားလပ် ရက် အတွင်းက ပေါ်ပေါက် ခဲ့တဲ့ အထိန်းအကွပ် မဲ့ ဓါတ် ပုံ အတွက် ပြန် လည် တောင်းပန် သွားခဲ့ပါတယ် ။

နိုင် ငံတကာပွဲစဉ် တွေအကြား အားလပ် ရက် ပေးထားချိန် မှာ ၀ိန်းရွန်းနီ ဟာ Heartfordshire ဟိုတယ် မှာ ရှိ တဲ့ မင်္ဂလာပွဲကို တက် ရောက် ခဲ့ပြီး အင်္ဂလန် ဂျာစီ ကို ဝတ် ဆင် ကာ အမူးလွန် နေတဲ့ ဓါတ် ပုံတွေကို The Sun သတင်းစာက ဖော်ပြသွားခဲ့ပါတယ် ။

၀ိန်းရဲ့ ယခုလို အ နေ အထားဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အတွက် လက် ရွေးစင် ကစားသမားတွေ နဲ့ ပတ်သက် တဲ့ အမြင် တွေကို ပြန် လည် သုံးသပ် ဖို့ သတိပေးလိုက် တာဖြစ် တယ် လို့ ပြောရေးဆိုခွင့်ရှိသူတဦး က ပြောဆိုသွားခဲ့ပါတယ်။

“အင်္ဂလန် ကစားသမားအားလုံးဟာ သူတို့ရဲ့ အမူအကျင့်အားလုံးကို အချိန် တိုင်း ထိန်းသိမ်းထားရပါမယ် ၊ အခု ။ လက် ရွေးစင် အသင်းသားတွေ နိုင် ငံ တကာပွဲကစားချိန် မှာ နေထိုင်ပြုမူတာ တွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ချမှတ် ထားတဲ့ ပေါ်လစီတွေကို ပြန် လည် သုံးသပ် သွားမှာပါ” လို့ FA တာဝန် ရှိသူတ ဦးက ပြောဆိုသွားခဲ့ ပါတယ် ။

ယမန်နေ့က တော့ ၀ိန်းရွန်းနီ ဟာ အဆိုပါ ကိစ္စအတွက် အင်္ဂလန် နည်းပြ ဆောက် ဂိတ် ကို သီးသန့်တွေ့ဆုံ ကာ တောင်းပန် သွားခဲ့ပြီး ပရိသတ် တွေကိုလည်း တောင်းပန် ဦးမယ် လို့ သိရပါတယ် ။

“၀ိန်းဟာ ဆောက် ဂိတ် နဲ့ FA တို့ကို သီးသန့် တွေ့ဆုံပြီးတောင်းပန် ခဲ့ပြီးပါပီ ။ ဒီ ဓါတ် ပုံ ဟာ အနားပေးတဲ့ ရက် မှာဖြစ် တယ် ဆိုပေမယ့် ၀ိနး် အ နေနဲ့ သူ့ရဲ့ မ လျောက် ကန် မသင့်မြတ် တဲ့့ အ နေ အထားအတွက် တာဝန် ယူသွားမှာပါ ။ ဒီပုံကိုမြင် ခဲ့တဲ့ လူငယ် အားလုံးကို သူတောင်းပန် ပါတယ်” လို့ ၀ိန်း အတွက် ပြောဆို ခွင့် ရှိသူတ ဦးက ပြန် လည် ပြောဆိုသွားခဲ့ပါတယ် ။

Source: Sport Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။