ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်တစ်ကောင် ရှော့ခ်တိုက်ငါးဖမ်းခြင်းကြောင့် သေဆုံး

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းစပ်တွင် သေဆုံးနေသော ကိုယ်ဝန်ဆောင်ဧရာဝတီလင်းပိုင်ကို ဒေသခံများက ဆယ်ယူနေစဉ် ဧရာဝတီမြစ်အတွင်း တရားမ ဝင် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း ကြောင့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်း ပိုင်တစ်ကောင် သေဆုံးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သတင်းရရှိသည်။

ယခုနှစ်ဆန်းက ဧရာဝတီလင်းပိုင် နှစ်ကောင် သေဆုံးခဲ့ပြီး ယခုတစ်ကြိမ် သေဆုံးခြင်းသည် သုံးကောင်မြောက်ဖြစ် လာသည်။ ယင်းမှာ သုံးနှစ်အတွင်း ကိုယ် ဝန်ဆောင် ဧရာဝတီလင်းပိုင်နှစ်ကောင် သေဆုံးမှုဖြစ်သည်။

သေဆုံးသွားသော ဧရာဝတီလင်း ပိုင်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက် များ မတွေ့ရသဖြင့် ဘက်ထရီရှော့ခ်တိုက် ခြင်းကြောင့် သေဆုံးရသည်ဟု ဒေသခံ များနှင့် ကျွမ်းကျင်သူများက ဆိုသည်။‘‘တစ်ကိုယ်လုံးမှာ ဘာဒဏ် ရာမှမရှိလို့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် ဖြစ်တယ်လို့ တထစ်ချပြောရတာပါ။ ကလေး မွေးရင်းနဲ့ မမွေးနိုင်လို့ ဆုံးတာ လည်း မဟုတ်ပါဘူး’’ဟု WCS မှ ပရောဂျက်မန်နေဂျာ ဦးကျော် လှသိန်းက ပြောသည်။

ကိုယ်ဝန်ဆောင် ဧရာဝတီ လင်းပိုင်မသေဆုံးမီတွင် ကိုယ် ဝန်ခုနစ်လခန့်ရှိပြီး ယင်းကိုယ်ထဲ တွင်ရှိသော သားပေါက်ဧရာဝတီ လင်းပိုင်၏ အရွယ်အစားမှာ တစ် ပေတစ်လက်မခန့်ရှိသည်။ ဧရာ ဝတီလင်းပိုင်တို့၏ ကိုယ်ဝန်ဆောင် ချိန်သည် ၁၄ လခန့်ရှိပြီး သား ပေါက်လျှင် အရွယ်အစား သုံးပေခန့်တွင် မွေးဖွားလျက်ရှိသည်။

မွေးဖွားချိန်မတိုင်မီ သေဆုံး ခဲ့သောကြောင့် ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင်မ၏ သားပေါက် ငယ်မှာ အသက်ရှင်ခြင်းမရှိဟု ဦး ကျော်လှသိန်းက ပြောသည်။

သေဆုံးခဲ့သော ဧရာဝတီလင်းပိုင်သည် အင်ဒေါင်းရွာအနီး မြစ်ပြင်တွင် ကျက်စားသည့် အကောင်ဖြစ်ပြီး ရုပ်အလောင်းကို စစ်ကိုင်းခိုတောင် ကျေးရွာအနီး၌ တွေ့ရှိရခြင်း ဖြစ်သည်။

‘‘အရမ်းစိတ်မကောင်းဖြစ်ရ တယ်။ လွန်ခဲ့တဲ့တစ်ပတ်က တောင် သားကြီးမကို တွေ့ခဲ့သေး တယ်။ သူတို့အုပ်စုက လေးကောင်အုပ်စု။ ကျွန်တော်တို့ အင်ဒေါင်း သွားတော့ ကျွန်တော်တို့နဲ့အတူ ကူးခတ်ပြီး ပြနေတာမြင်ခဲ့သေး တယ်’’ဟု စိမ်းရောင်စိုမှ တက်ကြွ လှုပ်ရှားသူ ကိုမောင်မောင်ဦးက ပြောသည်။

ဒေသခံများက အဆိုပါဧရာ ဝတီလင်းပိုင်သည် အင်ဒေါင်း ကျေးရွာအနီးကျက်စားသည့် အ ကောင်ဖြစ်ပြီး သက်တမ်းအားဖြင့် ရာကျော်ရှိကြောင်း၊ ဒေသခံများ ငါးဖမ်းဆီးရာတွင် အကူအညီအ မြဲပေးလျက်ရှိသည့်အပြင် ဧရာဝ တီလင်းပိုင်ကြည့်သူများကို ခေါ် ပြရာတွင် လှေခေါက်ခေါ်ခြင်းနှင့် အသံပြုခေါ်၍ရသောကြောင့် ဒေသခံများက အဆိုပါကိုယ်ဝန် ဆောင် ဧရာဝတီလင်းပိုင်ကိုသား ကြီးမဟု ခေါ်ဝေါ်ကြသည်။

ဧရာဝတီလင်းပိုင်မ၏ ခန္ဓာကိုယ်ကို သဲဖြင့် အရိုးချ၍ ပြတိုက်ပြရန် ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေပြီး ယင်း၏ ကလေးကို ဆေးရည်စိမ်ထားသည်ဟု သတင်းရရှိသည်။

ဧရာဝတီလင်းပိုင်သည် ဧရာ ဝတီမြစ်အပြင် မဲခေါင်မြစ်တွင် လည်း ကျက်စားသည့် အကောင် များဖြစ်ပြီး မဲခေါင်မြစ်လာအိုနိုင်ငံ အနီးတွင် မြစ်အတွင်း ခြောက် ကောင်သာ ကျန်ရှိတော့သဖြင့် ရှားပါးသတ္တဝါအဖြစ် လာအိုနိုင်ငံ က သတ်မှတ်ထားသည်။

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် တွင် ဧရာဝတီလင်းပိုင်ကောင်ရေ ၆၅ ကောင်ရှိကာ အကောင်ရေတိုးလာသည်ဟု WCS က ဖေဖော်ဝါရီက နောက်ဆုံးတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။

Source: 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။