ထက်ထက်မိုးဦးရဲ့သမီးလေး စစ်လွန်းဝတီထက်ဟာ ပရိသတ်တွေနဲ့ တီဗီဖန်သားပြင်ထက်က ကြေညာတွေပေါ်မှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့သမီးလေးဟာ တီဗီဖန်သားပြင်ထက်မှာ ပရိသတ်တွေရဲ့အချစ်ကို မေမေသရုပ်ဆောင်နီးပါး တစ်ဝကြီးရယူနိုင်ရုံတင်မကဘဲ အခုဆိုရင်တော့ ေဖေဖေစိုင်းလွှမ်းနဲ့အတူ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာပါတော့မယ်။

ထက်ထက်မိုးဦးရဲ့သမီးလေးစစ်လွန်းဝတီထက်ဟာဖေဖေ စိုင်းလွှမ်း နဲ့အတူ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့ " Night School Films "ကို ဒါရိုက်တာညိုမင်းလွင်နဲ့အတူ ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး စိုင်းလွှမ်းမှ "ဒီလို အခွင့်ရေးမျိုးကတော့ တော်တော်ကို ကုသိုလ်ကံကောင်းလွန်းလှပါတယ်လိုကျတော် ကိုယ့်ပါကိုယ်တွေးမိပါတယ်

အဲဒါ NIGHT SCHOOL FLIMS ကကျတော်တို ့သားဖအတွက် အဖိုးမဖြတ်နိုင်တဲ ့လက်ဆောင်တစ်ခုပါ" လို့ ပြောကြားခဲ့ပါတယ်။

"အဲဒီလက်ဆောင်ကို တစ်သက်လုံး အမြဲတန်ဖိုးထားသိမ်းထား ပြီး

သမီး စစ်လွန်းဝတီထက်ရဲ ့ ငယ်စဉ်ဘဝကလေးသရုပ်ဆောင်အဖြစ်

ပထမဦးဆုံးနဲ ့နောက်ဆုံးအဖြစ်ရိုက်ကူးမဲ ့ ရုပ်ရှင်ဇာတ်ကားကြီးပါ"

လို့ကိုစိုင်းလွှမ်းမှအသိပေးပြောကြားခဲ့ပါတယ်။ 

ဒီလိုပြောတဲ့နေရာမှာ ပထမဆုံးနဲ့နောက်ဆုံးလို့ပြောခဲ့တာကြောင့် စစ်လွန်းဝတီလေးရဲ့ အနုပညာဗီဇကို ဒီရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာပဲ တွေ့မြင်ရမှာလားလို့ စဉ်းစားဖွယ်ရာရှိပါတယ်။ ဘာပဲပြောပြော ထက်ထက်လိုချစ်ဖို့ကောင်းတဲ့ သမီးလေးစစ်လွန်းဝတီရဲ့ အနုပညာလှုပ်ရှားမှုတွေကိုစောင့်မျှော်ရင်း..

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။