မုဒိန်းမှုတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးပါတော့ :'( :'(

၂၀၁၆ခုနှစ် သြဂုတ်လတုန်းက တန့်ဆည်မြို့နယ်၊ ပုတီးရွာမှာ (၁၁)နှစ်အရွက် အမျိုးသမီး ကလေးငယ်တစ်ဦးကို မုဒိမ်းပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ည (၈) နာရီ ညစာကြည့်ဝိုင်းဆင်းတဲ့အချိန်မှာ မိဘဖြစ်သူတွေက မအားလို့ သူငယ်ချင်းတွေနဲ့ပဲ အတူပြန်လာဖို့ မှာထားခဲ့ပါတယ်။ အဲဒီမှာ တစ်ရွာတည်းနေ တင်ဇော်ဝင်း(ခ)ငကြာဆိုသူက နင့်မိဘတွေက ကြိုခိုင်းလိုက်ကြောင်းလို့ ပြောပြီး ကလေးငယ်လေးကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။ ကလေးငယ်လေးက မလိုက်ချင်ပေမယ့် သူငယ်ချင်းရဲ့အဖေ ဖြစ်တာကတစ်ကြောင်း၊ သူငယ်ချင်းလည်းပါနေတာမို့ လိုက်ခဲ့မိပါတယ်။

တင်ဇော်ဝင်း(ခ)ငကြာဟာ သူ့ရဲ့သမီးကို ယောက္ခမအိမ်မှာ ချထားခဲ့ပြီး ကလေးငယ်လေးကို ရွာရဲ့မြောက်ဘက် ယပင်းချောင်းစပ်ကို ခေါ်သွားပြီး မအော်နဲ့ အော်ရင်သတ်ပစ်ပြီး ချောင်းရေထဲမျောပစ်မယ်ဆိုပြီး အဓမ္မ မုဒိမ်းပြုကျင့်ခဲ့ပါတယ်။ ပြုကျင့်ပြီးတဲ့အခါမှာလည်း မုန့်ဖိုးသုံးထောင်ပေးမယ်။ ဘယ်သူ့မှ ပြန်မပြောနဲ့။ ပြန်ပြောရင်သတ်ပစ်မယ်ဆိုပြီးတော့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးနောက် ကလေးမလေးကို အိမ်ပြန်ပို့ပေးခဲ့တယ်။ အိမ်ရောက်ရောက်ချင်း ကလေးမလေးဟာ သူ့အမေနားကပ်ပြီး အတင်းဖက်ငိုပါတော့တယ်။ အမေက အတင်းမေးယူတော့မှ တင်ဇော်ဝင်း(ခ)ငကြာရဲ့ ယုတ်မာမှုကိုသိပြီး ည၁၀ နာရီခွဲလောက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ တန့်ဆည်မြို့နယ် နဘတ်ကြီးရဲစခန်းက ပုဒ်မ ၃၇၆နဲ့ တရားခံငကြာကို ရွှေဘိုခရိုင်တရားရုံးမှာ တရားစွဲဆို စစ်ဆေးခဲ့ပါတယ်။ အမှုစစ်ဆေးစဉ်တုန်းက တရားခံဟာ တရားရုံမှာ ဝန်ခံထွက်ဆိုချက်တွေပေးခဲ့ပေးမယ် ရှေ့နေငှားပြီးနောက်ပိုင်းမှာ မဟုတ်ပါဘူးဆိုပြီး ငြင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

ပြစ်မှုကျူးလွန်ခံရတဲ့ ကလေးမလေးရဲ့ မိဘတွေဟာ နွမ်းပါးတဲ့ တောသူတောင်သားတွေ ဖြစ်တာမို့ တရားခံကို ထိရောက်တဲ့ပြစ်ဒဏ်ကျစေချင်တာကလွဲလို့ ကျန်တာတွေ မသိကြပါဘူး။ တရားရုံးရဲ့ဆုံးဖြတ်ချက် အားနည်းသွားမှာကို စိုးရိမ်နေကြပါတယ်။ အဆိုးရွားဆုံးကတော့ တစ်ရွာတည်း အတူနေကြရတာဆိုတော့ ဒီမျက်နှာကြီးကို ကလေးမလေးခမျာ အော့နှလုံးနာစွာနဲ့ မြင်နေရတာပါ။ အိမ်နီးချင်းလည်းဖြစ်သလို သူငယ်ချင်းရဲ့ အဖေဖြစ်တာကလည်း ပိုပြီး နာကျည်းစရာကောင်းလှပါတယ်။

အခုတော့ လာမယ့် နိုဝင်ဘာ (၁၆)ရက်နေ့ ရွှေဘိုခရိုင်တရားရုံးမှာ အဲဒီအမှုကို ဆက်လက်စစ်ဆေးဦးမှာ ဖြစ်ပါတယ်။ တရားခံဘက်က လျှောက်လဲချက်ပေးမယ်လို့လည်း သိရပါတယ်။ ရွှေဘိုမြို့က ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူများ ဝန်းရံပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ။

ပူးတွဲ တရားခံရဲ့ဓာတ်ပုံနဲ့ ထူးခြားဖြစ်စဉ်မှတ်တမ်း

Source : မန္တလေးသတင်းအကုန်သိရန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။