အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစု၌ တည်ရှိသည့် Mount Agung မီးတောင်ကြီးသည် နိုဝင်ဘာလ၂၁ရက်တွင်ကောင်းကင်ပေါ်သို ့ပြာမှုန် ့များကိုမှုတ်ထုတ်နေကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီတစ်ခုမှတာဝန်ရှိသူများကပြောပြကြပါတယ်။၄င်းမီးတောင်သည် ကမ္ဘာလှည့်ခရီးသွားများ အသွားအလာများသည့် hub Kuta မှ ရဝ ကီလိုမီတာအကွာ Karang Asem ခရိုင်အတွင်း တည်ရှိကြောင်း ၊ ဒေသစံတော်ချိန် မွန်းလွဲ ၅ နာရီ ၅ မိနစ်ခန် ့တွင်စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်လှုပ်ရှားလျက်ရှိကြောင်း အမျိုးသားသဘောဝဘေးအန္တရာယ်စီမံခန် ့ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို ့စာဖြင့် ဖြေကြားခဲ့ပါတယ်။

သို ့သော် မီးတောင်ကျွမ်းကျင်သူများကမီးတောင်ပေါက်ကွဲမှုအား ဒုတိယအမြင့်ဆုံးအဆင့်ဖြင့် တပ်လှန် ့ထားကြောင်း နှင့် သွားလာခြင်းမပြုရသော ဇုန်အဖြစ် သတ်မှတ်ထားကြောင်း Sutopo က ပြောကြားထားပါတယ်။ ထို ့ပြင် မီးတောင်ပေါက်ကွဲမှုကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်ထိ မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု နှင့် ပျက်စီးဆုံးရှုံးမှု သတင်းများ မရှိသေးဘူးဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့သော အောက်တိုဘာလကမီးတောင်အတွက်အဆင့်မြင့်ဆုံးတပ်လှန် ့ထားချိန်တွင်ဒေသခံ၁၄၄,ဝဝဝ ဦးထဲမှ၂၉,၂၄၅ ဦးကိုဘေးလွတ်ရာသို ့ပြောင်းရွှေ ့ပေးခဲ့ရကြောင်းအေဂျင်စီ၏ပြောကြားချက်အရသိရသည်။၄င်းမီးတောင်သည်၁၉၆၃ ခုနှစ်တွင် နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့ပြီး ကျွန်းပေါ်နေထိုင်သူ ၁၁ဝဝဦးသေဆုံးခဲ့ရကြောင်း ၊ကျွန်းစုပေါင်း ၁၅,ဝဝဝ ဖြင့်ဖွဲ ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားသက်ဝင်နေသောမီးတောင်ပေါင်း ၁၂၉ ခု အနက် Mount Agung မီးတောင်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။

Source – Xinhua 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။