မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ နိုဝင်ဘာ ၁၈

အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း တာဝန်ထမ်းဆောင်နေကြသော အစိုးရဝန်ထမ်းများ အနေဖြင့် လစာ ၂ ဆ အား (၃)လ ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း အစိုးရက တရားဝင် စာထုတ်ပြန်လိုက်ပြီဖြစ်သည်။

အဆိုပါစာကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်မှတ် ရေးထိုးပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဝန်ထမ်းတစ်ယောက်အနေနဲ့ ပုံမှန် (၂)သိန်းရရင် အခု (၄)သိန်းရမယ်ပေါ့။ အကြမ်းဖက်မှု ဖြစ်နေတဲ့ကာလမှာပဲ ပေးမယ်ထင်ပါတယ်။ အမြဲတမ်းတော့ ပေးမှာ မဟုတ်ဘူး ”ဟု ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိရဥ္စရာသတင်းဌာနကို ပြောသည်။

မောင်တောခရိုင်တွင်တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများအနေဖြင့် လစာ (၂)ဆခံစားခွင့်ကို အထူးကိစ္စတစ်ရပ်အဖြစ် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃)လတည်းသာ ခံစားခွင့်ရရှိမည်ဟု ယခု ထုတ်ပြန် လိုက်သည့် စာထဲတွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောခရိုင်ဖြစ်သည့် ဘူးသီးတောင်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးဇော်မျိုးအောင်က “ဒီသတင်းက ကိုကြားရပါတယ်။ အခုလဲ ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပညာရေးဌာနမှာ ဝန်ထမ်း အင်အားစာရင်းတွေကို ပြုစုနေပြီလို့ကြားရပါတယ်”ဟု နိရဥ္စရာကိုပြောသည်။

မောင်တောခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်မှစတင်ကာ အကြမ်းဖက် သောင်းကျန်းသူများနှင့် နယ်ခြားစောင့်တပ်အပါအဝင် တပ်မတော ်စစ်ကြောင်း များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယခုအချိန်ထိဖြစ်သည်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။