ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့ပါတယ်။ အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီးက ကွာရာဘတ်နှင့်ကစားခဲ့ပါတယ်။ ကွာရာဘတ်တို့၏အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။ နှစ်သင်းစလုံးကတော့ လူအင်အားတောင့်တင်းစွာနဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

ချယ်ဆီးအသင်းအနေဖြင် ့ပွဲစတာနဲ့ ဖိကစားခဲ့ပါတယ်။ ပွဲချိန် 19 မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ ကွာရာဘတ် အသင်း နောက်ခံလူ ဆာဒီဂေါ့ဗ် တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရပါတယ် ။ ရရှိလာတဲ့ ပင်နယ်တီကို ဟာဇက်ကသွင်းခဲ့ပါတယ်။ ထို့နောက် ချယ်ဆီးတို့ ဦးဆောင်ဂိုးနောက်တစ်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါ ဂိုးကို ဟာဇက်ရဲ့ပေးပို့မှုကနေ ၀ီလီယံက သွင်းခဲ့ပါတယ်။ ချယ်ဆီးအတွက် တတိယမြောက်ဂိုးကို ပွဲချိန် ရ၃မိနစ်မှာ ထပ်မံရရှိခဲ့ပါတယ်။ 

အဆိုပါဂိုးကို ပင်နယ်တီကတစ်ဆင့် ဖာဘရီဂတ်စ်က သွင်းခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ ၀ီလီယံက ချယ်ဆီးအတွက် အပိတ်ဂိုးကို သွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာ ချယ်ဆီးက ၄-၀ ရလဒ်ဖြင့် ကွာရာဘတ်ကို အနိုင်ရခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုး(၂၀)ပြည့်သည့်စတုတ္ထမြောက်စပိန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဖာဘရီဂတ်စ်၏ရှေ့တွင် ချန်ပီယံလိဂ် ဂိုး (၂၀)နှင့်အထက် သွင်းယူခဲ့သည့်စပိန်ကစားသမားများမှာ ရာအူးလ် (၇၁ ဂိုး)၊ မိုရီယန်တေးစ် (၃၃ ဂိုး)၊တောရက်စ် (၂၀ ဂိုး)တို့ဖြစ်ကြောင်း သိရသည်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။