ဟိုတယ်တစ်ခုလုံးကိုဆားဖြင့်တည်ဆောက်ထားတဲ့ ဒီဟိုတယ်ဟာ ဘိုလီဗီးယားမှာတည်ရှိတာဖြစ်ပါတယ်။ဟိုတယ်ရဲ့နာမည်ကတော့ “Palacio de Sal” လို့ခေါ်ပီး စပိန်ဘာသာစကားအရ “ဆားနန်းတော်”လို့အဓိပ္ပါယ်ရပါတယ်။အဆိုပါဟိုတယ်ကို မြို့တော် La Paz နဲ့တောင်ဘက်၃၂၀ ကီလိုမီတာ (၂၂၀မိုင်) အကွာမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးဆားလွင်ပြင်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ပထမဦးဆုံး ဆားဟိုတယ်ကိုတော့ ၁၉၉၃ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပီး လာရောက်လည်ပတ်သူများ စိတ်ဝင်စားစရာနေရာဖြစ်ခဲ့ပါတယ်။စတင်ဖွင့်လှစ်စဉ်အချိန်တုန်းက နှစ်ယောက်အိပ်ခန်း(၁၂)ခန်းနှင့် အများသုံးအိပ်ခန်းတွေပါ၀င်ပီး ရေချိုးခန်းတော့မပါ၀င်ခဲ့ပါဘူး။၂၀၀၇ခုနှစ်မှာတော့ ဟိုတယ်ကိုအသစ်ပြန်လည်တည်ဆာက်ခဲ့ပါတယ်။

အဆိုပါဟိုတယ်ကို ဆား ဖြင့်ပြန်လည်တည်ဆောက်ထားပီး ကြမ်းပြင်တွေ၊နံရံတွေ၊မျက်နှာကျက်တွေအားလုံးကိုဆားနဲ့ပြုလုပ်ထာတာဖြစ်ပါတယ်။ဟိုတယ်ထဲတွင် ရေနွေးချိုးခန်းအပြင် ရေငန်များပါ၀င်သည့်ရေကူးကန်တစ်ခုလည်းထည့်သွင်းပေးထားပါတယ်။ဒါ့အပြင် ဟိုတယ်မှာလာရောက်တည်းခိုတဲ့သူများကို အငန်ဓါတ်ပါ၀င်တဲ့အသားတွေ နဲ့ဟင်းသီးဟင်းရွက်တွေဖြင့်ဧည့်ခံလေ့ရှိပါတယ်။

Source : Wow Box, Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။