အမေရိကန် ဂျွမ်းဘား လက်ရွေးစင်အသင်းရဲ့ ဆရာဝန်ဟောင်း Lawrence Nassar ဟာ ရာဇဝတ်ကြောင်းဆိုင်ရာ လိင်မှုကိစ္စ အများအပြား ကျူးလွန်ခဲ့မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံ လျှောက်လဲခဲ့ပါတယ်။

Lawrence Nassar ဟာ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန် လက်ရွေးစင် အသင်းထဲမှာရော မစ်ရှီဂန် ပြည်နယ် တက္ကသိုလ်မှာပါ အမျိုးသမီး အားကစားမယ် အတော်များများကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခဲ့မှုနဲ့ တရားစွဲ ခံထားရတာပါ။ သူ့ကို တရားစွဲဆိုထားတဲ့ အမျိုးသမီး အရေအတွက် ကတော့ ၁၄၀ကျော်တယ်လို့လည်း သိရပါတယ်။

သူရဲ့ပြစ်မှု တွေအတွက် သူဟာ အကြီးအကျယ် စိတ်မကောင်း ဖြစ်မိတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပြီး အပြစ်ရှိကြောင်း ဝန်ခံဖို့ သဘောတူချက် တစိတ်တပိုင်းအရ Lawrence Nassar ဟာ မတော်မတရားမှုပေါင်း ၇ခုကို ကျူးလွန်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တာ ခံခဲ့ရသူတွေထဲမှာ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ၃ဦး ပါဝင်ပြီး နောက်၃ဦးကတော့ အသက် ၁၃နှစ်အောက် ကလေးမလေးတွေ ဖြစ်ပါတယ်။ အဆိုပါ စွဲချက်တွေကြောင့် Lawrence Nassar ဟာ ထောင်ဒဏ် ၂၅နှစ် ကျခံရဖွယ် ရှိပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။