မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံထုတ်လယ်ထွန်စက် ကိုယ်စားလှယ်အရောင်းပြခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၃)၊အမှတ်(၁၃/၅၂)ပြည်ထောင်စုလမ်းမကြီးတွင်တွင်ဖွင့်လှစ်လိုက်တာဖြစ်ပြီးအမေရိကန်နိုင်ငံထုတ်ဂျွန်ဒီးယားလယ်ယာသုံးစက်များကိုအရစ်ကျစနစ်ဖြင့်ရောင်းချပေးသွားမယ်လို့သိရပါတယ်။ဂျွန်ဒီးယားလယ်ယာသုံးစက်များမှာ ငွေကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ တန်ဖိုးအသီသီးရှိတယ်လို့သိရပါတယ်။ 

မေရိကန်နိုင်ငံထုတ်ဂျွန်ဒီးယားလယ်ယာသုံးစက်များအရောင်းဆိုင်များကိုရန်ကုန်နဲ့မန္တလေးနဲ့နေပြည်တော်မှာလဲဖွင့်လှစ်ပြီးပြီလို့သိရပါတယ်။ပြည်နယ်တိုင်း၊မြို့နယ်တိုင်းမှာဂျွန်ဒီးယားဆိုတာရှိနေစေချင်တဲ့ဆန္ဒနဲ့လာရောက်ဖွင့် လှစ်ခြင်း ဖြစ်ပါတယ်" ဟု ဂျွန်ဒီးယားထွန်းစက်အရောင်းပြခန်းမှ တာဝန်ရှိသူ ကိုမင်းခိုင်က ပြောပါတယ်။အဆိုပါ အရောင်းပြခန်းမှ စက်များကို တောင်သူများအနေဖြင့် ၂၀ ရာခိုင်နှုန်းပေးချေပြီး၊ ၂နှစ်အတွင်း ၅ ရစ်ကျ ပေးဆောင်ခြင်းဖြင့် လယ်ထွန်စက်များကို ဝယ်ယူရရှိနိုင်တယ်လို့သိရပါတယ်။

စက်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်တို့၊ ရှောင်တို့အတွက်လည်း တောင်သူတွေအလွယ်တကူ သိရှိနိုင်ဖို့ အတွက် စာနည်းနည်းနဲ့ ကားတွန်းပုံတွေနဲ့ စာရွက်တွေဖြန့်ဝေပေးသွားမယ်လို့သိရပါတယ်။ စက်ပျက်ရင်လည်း ကျွန်တော်တို့ကိုအကြောင်းကြားလိုက်ရုံနဲ့ပြင်ပေးသွားမှာပါ"ဟုကိုမင်းခိုင်ကပြောပါတယ်။ဂျွန်ဒီးယားလယ်သုံးစက်နှင့်ပတ်သက်ပြီး စွမ်းဆောင်ကူညီနိုင်တဲ့ ကိစ္စရပ်များကို ကူညီပေးသွားမည်ဖြစ်ကာ ဌာနဆိုင်ရာများ၊ ရပ်ရွာပြည်သူလူထုများနှင့် ဆောင်ရွက်ရန်ရှိသော ကိစ္စရပ်များအား ပူးပေါင်းကာ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်းပေးသွားမည်ဖြစ်တယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ကမ္ဘောဇတိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။